စာစဉ် ၂၇ ( ၂၁ - ၂၄ )

8.9K 1K 25
                                    

Book. : 27
Chapter. : 21 - 24
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၇၊ အခန်း ၂၁။ ပိုပြီးတော့ မဆီလျော်၊ ပိုပြီးအနိုင်ကျင့်သူ

"အာ ။ တုံကျိုက်၊ ကုန်ရွှီက မမိုက်ဘူးလား"
ရွှန်းလဲ့နေသည့်မျက်နှာနှင့် ရှောင်ချင်း၊ မေးလိုက်သည် ။
"ဟမ်၊ အဲ့ဒီအနိုင်ကျင့်တဲ့သူတွေက ပိုပြီးမဆီလျော်တတ်၊ ပိုပြီးအနိုင်ကျင့်တတ်တဲ့သူတွေနဲ့ တွေ့သွားပြီ"

ကုန်ရွှီ၏လက်ထောက်ငယ်လေး ။ "အမ်..."

သူမက ချီးကျူးနေတာလား၊ သူ့ကို ရိုက်ချနေတာလားဟ ။

သို့သော်၊ ဤကဲ့သို့ဖြစ်တောင့်ဖြစ်ခဲမျိုးမို့ လက်ထောက်လေး သည် သဘောတူစွာ ခေါင်းညိတ်ပေးလိုက်ပါ၏ - ဒါသည် ဤကျိုးကြောင်းဆီလျော်ခြင်း မရှိတတ်သည့်သရုပ်ဆောင်သည် တော်တော်လေးမိုက်သည်ဟု သူ ခံစားမိသည့် ပထမဆုံးကြိမ်တည်း ။

လင်းရှောင်ကျဲ့၊ ဒေါသထွက်လွန်းမက ထွက်နေသည်မှာ
မျက်နှာတို့ပင် နီရဲလို့နေလေပြီ။ သို့သော်၊ သူ ဘာမှမလုပ်နိုင် ပါချေ ။ သူသည် လျိုချန်းအား ငွေနှင့် အသာလေးကိုင်ပေါက် ပစ်နိုင်၏။ သို့သော်၊ ကုန်ရွှီကိုမူ သူ ဘာလုပ်လို့ ရမှာလဲ ။

ကုန်ရွှီ ကို ပိုက်ဆံနဲ့ ကိုင်ပေါက်ဖို့လား။
သူကပင် ပိုက်ဆံနှင့် ဖို့သတ်သွားပေလိမ့်ဦးမည်....

ကုန်ရွှီ၊ အဖိုးတန်အဘိုးဘေးလေးနှယ် ဟန်ချီလျက်၊ ပြောလိုက်သည် ။
"ဘာစောင့်နေတာလဲ။ မချွတ်သေးဘူးလား။ သခင်လေးရဲ့ဝတ်စုံက အဲ့လောက်တောင် ၀တ်လို့ကောင်းနေတာလား၊ ဟမ်"

လင်းရှောင်ကျဲ့ ။ "မင်း..."

ဝမ်ရှန်းရှန်း၊ ဒေါသတို့ ထောင်းခနဲထွက်သွားတော့ပြီ ။
"ကုန်ရွှီ၊ အရမ်းလွန်မလာနဲ့"

အင်ပါယာစကိုင်း၏သရုပ်ဆောင်တော်တော်များများမှာလဲ
စတင်ကာ တီးတိုးတီးတိုးလုပ်လာကြတော့သည် ။

"ကုန်ရွှီ၊ ရှင် မဆီလျော်လိုက်တာ"

"ရှင် အရမ်းလွန်နေပြီ။ ဒီမှာလာပြီး ကြီးကြီးကျယ်ကျယ်လုပ်ပြနေတယ်"

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now