စာစဉ် ၄၅ (၁-၈)

5.6K 872 44
                                    

Book.              :  45
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၅၊ အခန်း ၁ ။  စိတ်သွားတိုင်း ကိုယ်မပါ

ထိုမိန်းကလေးမှာ လက်ထဲတွင် စာရွက်စာတမ်းတပွေ့ တပိုက်ဖြင့် ခေါင်းကိုငုံ့ ထားလျက် ။
စိတ်နှင့်ကိုယ် မကပ်နေသယောင်ယောင် ။
ဘယ်ကို သွားလို့ သွားနေမှန်းပင် မသိနေသယောင်ယောင် ။ သို့ နှင့် ရီဝမ်ဝမ်အား တည့်တည့်ကြီး ၀င်တိုက်မိပြီး သူမလက်ထဲက စာရွက်စာတမ်းတို့ သည်လည်း ၀ရောဝရောအသံပေးကာ
မြေကြီးပေါ် တဖျတ်ဖျတ်ပြန့် ကျဲသွားတော့သည်…

“အာ…တောင်းပန်ပါတယ် ။
မိန်းကလေး…ဘာဖြစ်သွားသေးလဲ”

မြေကြီးပေါ်က စာရွက်တို့ ကို လိုက်ကောက်နေသည့်ထိုမိန်းကလေးကို
ရီဝမ်ဝမ် မေးလိုက်သည် ။

“ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး…တောင်းပန်ပါတယ်…တောင်းပန်ပါတယ်… ကျွန်မ မမြင်မိလို့ ပါ…”

ထိုမိန်းကလေးက ဆက်တိုက်ပင် တောင်းပန်နေသည် ။

ရီဝမ်ဝမ်သည် သူမ၏စာရွက်တို့ ကို ကူကောက်ပေးလိုက်သည်တွင် စာရွက်ပေါ်က ရေးထားသည့်အကြောင်းအရာတို့ ကို သတိပြုမိသွား၏ ။ မြေကြီးပေါ်တွင် ပြန့် ကြဲနေသည့် ထိုစာရွက်များအားလုံးသည်ကား… အလုပ်လျှောက်လွှာများသာ ။

ထိုမိန်းကလေးသည် သူမလိုမျိုး အလုပ်အတူတူပင် ။ သူမတို့နှစ်ယောက်စလုံးသည် မန်နေဂျာများဖြစ်ကြ၏….

ရီဝမ်ဝမ်သည် ထိုအလုပ်လျှောက်လွှာကို ကြည့်နေမိသည် ။

ယောင်ကျားဝမ် ၊ ၂၄ နှစ် ။ အရင်အလုပ် ၊ ပညာ့အလင်းမီဒီယာတွင် လုပ်ခဲ့ဖူးသည် ။ နာမည်ကြီးသရုပ်ဆောင်များ သုံးပုံ နှစ်ပုံကို တာဝန်ယူခဲ့ရသည် ။

ထိုမိန်းကလေးသည် အသက်ငယ်ရွယ်ပုံပေါ်လင့်ကစား၊ အနုပညာလောကထဲတွင် ကျင်လည်နေသည်မှာ ၆ နှစ်ပင် တိုင်နေလေပြီ ။ တက္ကသိုလ်ကျောင်းသားဘ၀ကတည်းက အချိန်ပိုင်းအလုပ်သင်ဝင်လုပ်ခဲ့ပြီး ဟိုးအောက်ခြေကနေ ကြိုးစားလာကာ တဆင့်ချင်းတစ်ဆင့် မန်နေဂျာအထိ ရောက်လာခဲ့သူ ဖြစ်သည် ။ အလွန်ပင် ယုံကြည်အားကိုး၍ ရဟန်ပေါ်သည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now