စာစဉ် ၂၈ ( ၁၅ - ၂၂ )

9.4K 971 52
                                    

Book.              :   28
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၈၊ အခန်း ၁၅။ အစ်ကိုကြီး၊ ကျွန်တော့်ကို လွှတ်ပေးပါဗျာ

ထန်ရှင်းဟျော်၊ ဖြေရှင်းဖို့ရာအတွက်
ရီဝမ်ဝမ်အား ဆက်ကာမေးခွန်းထုတ်နေချိန်
လျိုချန်းသည် ရုတ်တရက်ကြီး ဖြူရော်လျက်
သူ့ဖုန်းအား စိုက်ကြည့်လို့နေလေပြီ ။
“အစ်ကို ရီ၊ မကောင်းတော့ဘူး။
ကုန်ရွှီ Weibo ပေါ်မှာ တစ်ခုခုတင်လိုက်ပြီ…”

ဒါကို ကြားလိုက်သည်နှင့် ထန်ရှင်းဟျော်၊
အံကိုတင်းနေအောင် ကြိတ်လိုက်တော့ပြီး ။
“သောက်ကျိုးနဲ၊ ဒီကောင် ဒီတစ်ခေါက်ရော ဘာတွေတင်ပြန်ပြီလဲ”

ထန်ရှင်းဟျော်၊ ကုန်ရွှီ၏ပေ့ခ်ျအား မြန်မြန်ဝင်ကြည့်လိုက်တာနဲ့ တွေ့ လိုက်ရသည်မှာ ၊ ကုန်ရွှီသည် သူ့ လုပ်ရပ်အတွက် နောင်တရမိပြီး တောင်းပန်ပေးပါမည့် သတင်းစာရှင်းလင်းပွဲလုပ်မည်ဖြစ်ကြောင်း ဒက်ဇလင်းက တင်ထားသည့်ပို့စ်ကို ကုန်ရွှီ ပြန်ရှယ်ထားခြင်း ဖြစ်၏။ သူသည် မှတ်ချက်စကားပါ ထည့်ပေးထားလိုက်သေး၏ -
[င့ါဖင်ကြီးပဲ တောင်းပန် (လက်ခလယ်ပုံ)]

ဝိုး၊ ဒက်ဇလင်းသည် ကုန်ရွှီအား ချောင်ပိတ်ရိုက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ကာ တောင်းပန်ပေးလိမ့်မည်ဟု ကြေညာရဲခဲ့လေသည် ။
အပြန်အလှန်အားဖြင့် ကုန်ရွှီသည် ဒက်ဇလင်းအား
အားလုံး၏အရှေ့တွင် မျက်နှာရိုက်ချပစ်လေပြီ ။

ထန်ရှင်းဟျော်၏မျက်နှာသည်ကား အိုးဖင်လို မည်းပုတ်လို့လာ၏ ။
“သောက်ကျိုးနဲ၊ ဒီကောင်ကွာ…နည်းနည်းလောက်သည်းခံလိုက်ရင် သေသွားမှာမလို့လား။
ငါ ဒီကို မလာခင် သတိအထပ်ထပ် ပေးပြီးသားကိုကွာ”

ရီဝမ်ဝမ်၊ ဆိုဖာပေါ်သို့ စိမ်ပြေနပြေထိုင်ချလိုက်၏ ။
ကွန်ရွှီ ရှယ်လိုက်သည့် Weibo ပို့စ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားတော့သည် ။

ဒီနောက်၊ စကားလုံးအနည်းငယ် ထပ်ထည့်ကာ “ရှယ်မည်” ကို နှိပ်လိုက်၏။ [ငါ မင်းနဲ့ ရှိနေမယ်]

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now