စာစဉ် ၃၆ ( ၁၃ - ၁၈ )

7.1K 988 73
                                    

Book.              :   36
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၆၊ အခန်း ၁၃ ။  ကြောက်ပါပြီ

ရီဝမ်ဝမ်သည် ရေမိုးချိုးပြီးသွားသဖြင့်
အောက်ထပ်သို့ ဆင်းလာသည် ။
ဆင်းလာသည်နှင့် သူမ မြင်လိုက်ရသည်မှာ ဆိုဖာပေါ်တွင် တရှုံ့ ရှုံ့ နှင့် ငိုကြီးချက်မငိုနေသည့် အရုပ်မလေး ။

“ကျောက်ကျောက်…ဘာဖြစ်လို့ လဲ”

အရုပ်မလေးက တရှုံ့ ရှုံ့ ဖြင့် ။
“သခင်မ…ဒီဇာတ်လမ်းထဲမှာ မင်းသမီးက အဖျားကြီးဖျားပြီးတော့ သေသွားပြီ ။ မင်းသားကလည်း ရင်ကွဲနာကျပြီးတော့ မင်းသမီးနဲ့  လိုက်သေသွားတယ် - အရမ်းကို ၀မ်းနည်းဖို့ ကောင်းတာပဲ ။ သခင်မ…ဒီမင်းသားကလေ သရုပ်ဆောင်တာ အရမ်းကို ကောင်းတယ်၊ ရင်ထဲမှာ အရမ်းထိတယ်…”

ရီဝမ်ဝမ်သည် အရုပ်မလေး၏ဖုန်းကို လှမ်းကဲကြည့်လိုက်ရာ ပါးစပ်အဟောင်းသားဖြစ်သွားရ၏ ။

ဖြစ်လည်းဖြစ်ချင်စရာပင် ။

သူမ ပြောနေသည့် ဇာတ်လိုက်မင်းသားသည်ကား ကုန် ရွှီ…။

ထိုဇာတ်လမ်းတွဲတို့ သည် ကုန်ရွှီ ဟိုးအရှေ့ ပိုင်းနှစ်တုန်းက သရုပ်ဆောင်ထားခဲ့ခြင်းဖြစ်ပြီး သူ၏သရုပ်ဆောင်ချက်တို့ သည် အလွန်အမင်းပင် ဆိုးဝါးလွန်းလှ၏ ။ သို့ တိုင် ဤမိန်းကလေးသည် ဇာတ်လမ်းကြည့်ရင်း မချိတင်ကဲငိုကြွေးနေခြင်းပင် မဟုတ်ပါလား ။

*အဟမ်း*  “ဒါဆို ဆက်ကြည့်နေပါ…”

ရီဝမ်ဝမ်သည် အခွေတစ်ခွေကို ယူလိုက်ပြီး အပေါ်ထပ်ကို ပြန်တက်သွားမည်အပြု၊ ဖက်တီးသည် စိတ်အားထက်သန်စွာဖြင့် လျှောက်လာပြီး ။
“သခင်မ…သခင်မ…ဒီညအတွက် ညစာကို ကျောက်ပုစွန် စပ်စပ်လေး ချက်ထားတယ် ။ ခနစောင့်ပါဦး…ခနနေဆို ကျက်ပါပြီ”

“အာ…”

ရီဝမ်ဝမ်သည် လေထဲတွင် သင်းပျံ့ နေသည့်ရနံ့ ကို ရှူကြည့်လိုက်မိရင်း သူမ၏ခါးအား ငုံ့ ကြည့်လိုက်မိ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now