စာစဉ် ၆၂ (၁-၁၂)

3.5K 523 78
                                    

Book. : 62
Chapter. : 1 - 12
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၂၊ အခန်း ၁။ လုပ်နည်း ဟန်မကျဘူး

သခင်လေး ဟန် သည် ပြန်ထရပ်လိုက်၏ ။ သူ့ မျက်လုံးထဲမှာ အေးစက်စက်အငွေ့ အသက်တို့ လွှမ်းနေကာ နဖူးထက်တွင်လည်း သွေးကြောတို့က ထိုးထောင်နေပြီ ။

သခင်လေး ဟန် သည် သိုင်းပညာတွင် ထူးချွန်သူ ဖြစ်လင့်ကစား ဖိန့်ဖိန့်တုန် ဂိုဏ်းချုပ် ရှိနေသည့်အချိန်တွင် ဖိန့်ဖိန့်တုန် ဂိုဏ်းသားများအား ပြန်မတိုက်ခိုက်ရဲပါချေ ။

"သခင်လေး ဟန် ... ခင်ဗျား ရရဲ့လား"

ခုနစ်စင်ကြယ်က သခင်လေး ဟန် ၏ နံဘေးကို အပြေးရောက်ချလာကာ ပြုံးပြုံးကြီး မေးလေသည် ။

သခင်လေး ဟန် က အမြန်အဆန်ပင် ပြန်ပြောလိုက်သည် ။

"ရပါတယ် ၊ ရပါတယ် ... နားလည်မှု လွဲတာပဲဟာ ၊ နားလည်မှုလွဲတာပဲဟာ"

"ဟုတ်တယ် ဟုတ်တယ် ... နားလည်မှုလွဲတာ ၊ နားလည်မှုလွဲသွားတာ"

ခုနစ်စင်ကြယ်က ခေါင်းအဆက်မပြတ် ညိတ်လာပြီး
သခင်လေး ဟန် ဘာမှ မပြောရသေးခင် ထိုသူ၏ နောက်စေ့ကို ဖောင်းခနဲ ရိုက်ချပစ်လိုက်ပြန်သည် ။

"မင်း ..."
သခင်လေး ဟန် ဒေါသထောင်းခနဲ ထွက်သွား၏ ။

"ဟာ ... နားလည်မှု လွဲတာပါ ၊ ကျွန်တော် ခင်ဗျားကို လူထပ်မှားပြန်ပြီ" ခုနစ်စင်ကြယ်က ရယ်ရယ်မောမော ။

သခင်လေး ဟန် က ပြန်ပြောတော့မည် လုပ်လိုက်ချိန် ထိုသူဌေးသားငတုံးကောင်ပါ လျှောက်လာကာ သူ့ အား မီတာပေါင်း မြောက်မြားစွာ လွင့်ပျံသွားစေလောက်သည့် ကန်ချက်ကြီးဖြင့်
သူ့ ဖင်အား ကန်ပစ်လိုက်တော့လေသည် ။

"အာ ... အားနာလိုက်တာ ၊ ငါ မင်းကို လူမှားသွားတယ်"
သခင်လေး ရှန်း က ပြောသည် ။

"အစ်ကိုကြီး ရှန်း ၊ ကျွန်တော် အစ်ကို့ ကို ဝေဖန်နေတာတော့ မဟုတ်ဘူးနော်... ဒါပေမယ့် ဒီထက်ပိုပြီး ဟန်ကျကျလေး လုပ်ပါလားဗျာ"
ခုနစ်စင်ကြယ်က သူ့ ကို အမြန်ပြောလာ၏ ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now