စာစဉ် ၄၄ (၁-၆)

5.5K 900 18
                                    

Book.              :  44
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၄၊ အခန်း ၁ ။ သေအောင်ကိုက်စမ်း

ရီဝမ်ဝမ် ခပ်လွင်လွင်ရယ်လိုက်သည် ။ “အင်း၊ ငါ ပြောတာ”

“အစ်ကို့စကားကို အတည်မှတ်ထားမှာနော်”
ကုန်ရွှီသည် စိတ်မချတချဖြင့် မေးလိုက်ပြန်သည် ။

“ငါ ဘယ်တုန်းကများ ပြောပြီးသားစကား ပြန်ရုတ်ဖူးလို့ လဲ”

နောက်ဆုံးတွင်မှ ကုန်ရွှီ ယုံကြည်သွားတော့၏ ။ သူ၏မယုံသင်္ကာဖြစ်နေမှုမှာ အရိပ်အယောင်လေးပင် မကျန်ရစ်ခဲ့တော့ ။ လက်နောက်ပစ်လိုက်ပြီး သူ့ နဂိုထောင်ထောင်ထောင်ထောင်ဟန် ပြန်ဖြစ်လာလေပြီ ။

“ဟဲဟဲဟဲ…ဒါဆို ကျွန်တော် သကြားလုံးလေးကို
ပြန်တွေ့ ရမယ့်အပြင် အစ်ကို ရီ မိန်းကလေးလို ၀တ်မှာကိုလဲ မြင်ရတော့မှာပေါ့ ။ အသက်သေရင်သေပေ့စေ…ကျွန်တော် အကောင်းဆုံးသရုပ်ဆောင်ဆု ကို မရရအောင် အသဲအလဲကြိုးစားတော့မယ်”

ကုန်ရွှီ ၏အားအင်ပြည့်လန်းဆန်းတက်ကြွလာဟန်ကြောင့်
ရီဝမ်ဝမ် ဆွံ့ အသွားသည် ။

တကယ်ပင် ကုန်ရွှီအား သာမန်နည်းလမ်း သုံး၍မရပါချေ ။ အထူးသီးသန့် နည်းလမ်းတို့ ကိုသာ သုံးမှရနိုင်၏ ။

ဘာပဲဖြစ်ဖြစ်…ငါလဲ မိန်းကလေးလို ၀တ်ပြတော့မယ့်ဟာ ။ ဒီဇာတ်လမ်းပြီးသွားတာနဲ့  ကုန်ရွှီကို အမှန်အတိုင်းပြောပြတော့မှာပဲဟာ ။

ကုန်ရွှီသည် စိတ်အားထက်သန်စွာဖြင့် သူ့ ဖုန်းကို ထုတ်လိုက်ပြီး
ကုမ္ပဏီ၏ WeChat ဂရုထဲတွင် တင်ကြွားတော့သည် ။

[ကုန်ရွှီ ။ ဟားဟားဟားဟားဟား…ငါ မင်းတို့ကို ပြောပြလိုက်မယ် ။
ငါ၊ သခင်လေးက ဒီတစ်ခေါက် အကောင်းဆုရကိုရမှာ ။ ငါ့ဆီကနေ ခိုးရဲခိုးကြည့်စမ်း၊ အဲ့ဒီလူကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် အရေခွံစုတ်ပစ်မယ်]

[တုံကျိုက် ။  အကောင်းဆုံးကြိုးစားထား၊ အစ်ကို ရွှီ]

[ရှောင်ချင်း ။ အစ်ကို ရွှီ၊ အရမ်းတော်တယ်]

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now