စာစဉ် ၃၆ ( ၁၉ - ၂၆ )

7K 1K 60
                                    

Book.              :  36
Chapter.          :  19 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၆၊ အခန်း ၁၉ ။ လက်ချောင်းကို ချည်နှောင်ပေးခြင်း

ညစာစားပွဲတွင် တန်လုံသည် စီမင်းလိ နှင့် စီရိချန် အား ကြည့်လိုက်ပြီး ယဉ်ကျေးစွာဖြင့် ဆိုလာသည် ။
“ဒီတစ်ခေါက် မစ်ရှင်အတွက်ကို ကျွန်တော်တို့  နားလည်သလောက် တော့ ရှိပါတယ်”

“အစ်ကို တန်လုံ…အဲ့ဒီ မိန်းမကို ကာကွယ်ပေးနေတဲ့ ကြေးစားတွေအကြောင်းကို ပြောနေတာလား”
စီရိချန်က မေးလာသည် ။

“ဟုတ်ပါတယ်” တန်လုံသည် ခေါင်းညိတ်လာပြီး ရွှေရောင်ဘောင်တို့  ကွပ်ထားသည့်စာဖိုင်တစ်ခုအား ထုတ်ယူလိုက်ပြီး ဖွင့်လိုက်သည် ။
“ဒီလိုပါ - ပစ်မှတ်မှာ ၀ိုင်းကာကွယ်ပေးနေကြတဲ့ လူငါးယောက် ရှိတယ် ။ ငါးယောက်စလုံးက တကယ့်ဆရာကြီးတွေပဲ ။ ခေါင်းဆောင်ကို ဒီမွန်းကြီး
ကျန်း လို့ ခေါ်တယ် ။ လက်ရုံးအဖွဲ့ ဝင် လေးယောက်က လေးယောက် ရှိတယ် - ယောကျာ်းလေး ၃ ယောက်နဲ့  မိန်းမလေး ၁ ယောက်…စုန့် ချန်း၊ တန်ဘင်း၊ ဟေဒီ နဲ့  ကျောက်ကျောက်လို့  ခေါ်တယ် ။ အားလုံးထဲမှာ ကျောက်ကျောက်က အတော်ဆုံးဖြစ်ပြီးတော့ လူတွေကို သတ်ထားတာ အများဆုံးပဲ ။ အရမ်း ကြမ်းပြီးတော့ အသည်းနှလုံးလည်း မရှိဘူး ။ သူ့ လက်ထဲမှာ လူရာကျော်ရဲ့သွေးတွေ စွန်းထားပြီးပြီ ။ တော်တော်လေး ရက်စက်တယ်လို့ ဆိုရမယ်”

ထိုသည်ကို ကြားလိုက်သည်နှင့် စီမင်းလိ နှင့် စီရိချန် သည် ဖိုင်ထဲတွင် ဖော်ပြထားသည့် ကျောက်ကျောက်၏ ကိုယ်ရေးမှတ်တမ်းကို ကြည့်လိုက် ကြပြီး၊ ထို့ နောက် နူးညံ့ပြီး အဖြူထည်ဟန် ရှိသည့် တန်လုံဘက် လှည့်ကြည့်လိုက်ကြသည် ။

ဒီလူကတောင်မှ တဖက်လူက ရက်စက်တယ်လို့  ပြောနေပါလား…

ထိုလူသည် ငယ်ငယ်ရွယ်ရွယ်လေးနှင့်ပင်
A အဆင့်ရှိသည့် ကြေးစား တစ်ယောက် ဖြစ်လာခဲ့ပြီး မြည်ဟည်းနေသောနဂါးများ ကြေးစားအဖွဲ့  ရဲ့ ကပ္ပတိန်ပါ ဖြစ်လာတဲ့အထိကို တော်လွန်းသူပင် ။ သူ၏နာမည်ဂုဏ်သတင်း သည် အထင်ကြီးစရာကောင်းလှပြီး မြည်ဟည်းနေသောနဂါးများ ကြေးစားအဖွဲ့ ၏ ရွှေရောင်တောက်နေသည့်နာမည်ဂုဏ်လည်း ဖြစ်နေသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now