စာစဉ် ၃၀ ( ၁၆ - ၂၁ )

8.6K 901 77
                                    

Book. : 30
Chapter. : 16 - 21
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၀၊ အခန်း ၁၆။ စွန့်ပစ်ခံရတဲ့ မကောင်းဆိုးဝါးလေး

စီရီဟန် ။ [ အိပ်မက်ဆိုးလား ]

အဲ့ဒါကလွဲပြီး ရီဝမ်ဝမ်ထံတွင် ဘာလို့ ထူးထူးဆန်းဆန်း အတွေး ၀င်နေရသလဲ သူ စဉ်းစားမရနိုင်ပေ ။

ရီဝမ်ဝမ်၊ သူမ၏ဖုန်းကို ဖက်ထားပြီး အိပ်ရာထဲ လူးလှိမ့်နေရင်းမှ ။
[ မဟုတ်ပါဘူး။ ကျွန်မလေ ဒီနေ့ ချစ်စရာကောင်းတဲ့ ကလေးလေး တစ်ယောက်ကို တွေ့ ခဲ့တယ်။ အဓိကကတော့ အဲ့ဒီကောင်လေးက ရှင်နဲ့ တစ်ထေရာထဲဖြစ်နေတာပဲ - အေးစက်တယ်၊ ထူးမခြားဖြစ်တယ်၊ အတိုင်းအထက်အလွန် ကို ထောင်လွှားတယ်၊ ပြီးတော့ သူ့ရဲ့မျက်နှာပေါ်မှာလေ တုံးအတဲ့လူသားတွေ လို့ ရေးထားသလားကို မှတ်ရတယ် ။ တခြားသူတွေနဲ့ စကားပြောနေရတာက သူ့ ရဲ့အိုင်ကျူကို လျော့ကျသွားစေတော့မယ့်အတိုင်းပဲ။ ရှင်တို့နှစ်ယောက်က တော်တော်ကြီးကို တူတာ - သူက မကောင်းဆိုးဝါးလေး အတိုင်းပဲ ဆိုတော့ ရှင့်ဆီမှာ တိတ်တိတ်ပုန်းရထားတဲ့သား များ ရှိနေတာလားလို့ ကျွန်မမှာ တွေးမိလုနီးနီးပဲ...]

စီရီဟန် ။ [ အေးစက်တယ်၊ ထူးမခြားဘူး၊ အတိုင်းထက်အလွန် ထောင်လွှားတယ်၊ မကောင်းဆိုးဝါး...]

အား...ငါတော့ သေပြီ...စီရီဟန်အပေါ် ငါ့ရဲ့တကယ့်အမြင်တွေကို ထုတ်ပြောမိသွားပြီ...

ထိုကောင်ငယ်လေးသည် စီရီဟန်နှင့် ဘယ်လောက်ထိ တူသည် ဆိုတာကို ထုတ်ပြောချင်ဇောနှင့် အေးစက်ပြီး ထူးမခြားဘူးဟု သူမ ထည့်ပြောလိုက်မိခြင်းက - စီရီဟန်သည် အဲ့ဒီလိုလူမျိုးပါဟု ထုတ်ပြောရာကျလေသည် ။

ရီဝမ်ဝမ်၊ မြန်မြန်ဆန်ဆန်ပင် သူမကိုယ်သူမ ကယ်တင်လိုက် ၏ ။
[ အဓိကအချက်ကလေ အဲ့ဒီကောင်လေးက တကယ်ကြီးကို ချောတာ - စွမ်းအားကြီးတဲ့မျိုးရိုးဗီဇတွေကို ပိုင်ဆိုင်ထားတဲ့ ကွမ်ရင်မယ်တော်ကမွေးထုတ်ထားတဲ့အတိုင်းပဲ....ကျောက်စိမ်းလိုမျိုး ကြည်လင်ရှင်းသန့်နေပြီးတော့ ပြစ်မျိးမှဲ့ မထင် ချောမောလွန်းအားကြီးတယ်။ ကျွန်မတို့ရဲ့ မျိုးရိုးဗီဇနှစ်ခု ပေါင်းစည်းထားတာမဟုတ်လို့ရှိရင် ဒီလောက်ချောမော တဲ့အရုပ်ကလေးတစ်ရုပ်ကို မွေးထုတ်ပေးဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲလေနော့ ~]

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now