|10|

3.1K 561 11
                                    

[Unicode]

အမှတ်သုံးအထက်တန်းကျောင်းမှာ ဂီတအတန်းတွေရှိနေသေးတယ်။
အလယ်တန်းတုန်းကဆို ဂီတနဲ့အနုပညာအချိန်တွေတိုင်း ယန်ထန်အတန်းလစ်နေကျ။
သေချာသင်ယူဖို့ တစ်ခါမှအတန်းထဲမထိုင်ဖူးဘူး။

ဂီတဆရာမက လှလှပပလေးရယ်။
မြေဖြူကိုကိုင်ကာ ကျောက်သင်ပုန်းပေါ်နုတ်တွေဆွဲပြရင်း၊ သီချင်းဆိုနည်းကိုသင်ပြလို့နေတယ်။
ဟယ်ရှင်းချွမ်က စာရွက်ဗြောင်ပေါ်မှာ ဘောပင်နဲ့လိုက်ဆွဲနေတယ်။

"ဂီတအတန်းမှာတောင် စာလိုက်မှတ်နေတုန်းလား?"

ဟယ်ရှင်းချွမ်က ယန်ထန်ဘက်လှည့်လာကာ
"စာလိုက်မှတ်တာ ဘာမှမမှားဘူး"

နှစ်ယောက်ရဲ့စကားသံက ကျယ်လောင်သွားတယ်။
ဂီတဆရာမက သူတို့ကိုစိုက်ကြည့်လာပြီး
"ထောင့်စွန်းကကျောင်းသားနှစ်ယောက်၊ ခုနကနုတ်ကိုလိုက်မှတ်ပြီးသွားပြီလား? အားလုံးအတွက် ဆိုပြလိုက်ရင်ရော?"

ကျောင်းသားတွေက တီးတိုးဆိုလာကျတယ်။
အကြည့်တွေကတော့ နောက်ဆုံးတန်းကထောင့်နားဆီရောက်ကုန်ကျပြီ။

ယန်ထန်ကကျောမတ်သွားပြီး သီချင်းစဆိုဖို့ပြင်တယ်။
ဟယ်ရှင်းချွမ်မျက်နှာကတော့ ဖြူဆုတ်လို့နေတယ်၊ တစ်ခုခုကိုဖုံးကွယ်ချင်သည့်အလား ရှေ့ဆံပင်တွေကိုထိကိုင်​နေတယ်။
နောက်ကျောကတောင့်တင်းနေပြီး ထူးဆန်းတဲ့စိတ်ပူပန်မှုတွေရှိနေသလိုပဲ။
တစ်ခြားသူတွေရဲ့အကြည့်တွေနဲ့လည်း အသားမကျနိုင်သေးဘူး။

"ဆရာမ ကျွန်တော့်အသံအနေအထားက ဆိုးမယ်ထင်တယ်၊ အရင်နားထောင်ကြည့်ပါလား"
တစ်ခြားသူတွေကိုဂရုမစိုက်တတ်တဲ့ယန်ထန်ဟာ မတ်တပ်ထရပ်လိုက်ပြီး၊ ဟယ်ရှင်းချွမ်လက်ထဲကစာရွက်နဲ့ သံစဉ်တစ်ခုစညည်းတယ်။
ပြီးတော့ စာသားတစ်ချို့ပါရွတ်ဆိုလာတယ်။

ဆရာမဘာသင်နေလဲဆိုတာကို တကယ်မသိဘူး။
အဲ့တော့ ထင်ရာမြင်ရာသာရွေးဆိုမိလိုက်တယ်။
သီဆိုပြီးနောက်မှာ ဆရာမကိုကြည့်လာပြီး
"ကျန်တာကတော့မရသေးဘူး ဆရာမ"

လူငယ်ရဲ့အသံဟာ ခိုင်မြဲမှုများအပြည့်အဝဖြင့်။
အကျိုးမသက်ရောက်ဘူးဆိုတာကတော့ မဖြစ်နိုင်လောက်ဘူး။
အသံပြောင်းကာလမှာ လူငယ်လေးရဲ့ကြည်ကြည်လင်လင်အသံမျိုးမကျန်တော့ဘဲ၊ ဩရှရှအသံမျိုးသာရှိနေတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now