|42|

2.2K 437 10
                                    

[Unicode]

ဝူကျင်းနဲ့ ဖက်တီးဘာတွေပြောဖြစ်ခဲ့လဲမသိပေမဲ့၊ အဲ့ညမှာ ဖက်တီးက ဟယ်ရှင်းချွမ်ကို သူတို့WeChat Groupထဲထည့်လိုက်တယ်။
[ အသားကင်ချိန်းတွေ့သူများ ]

[ အသန်မာဆုံးMVP ဖက်တီး: ကြိုဆိုပါတယ်! ထန်ကောရဲ့ချွေးမလေး ]

[ ဝူ ဝူးဝူက မကျေနပ်ဘူး: ကြိုဆိုပါတယ်! မစ္စစ်ထန်! ]

ရေချိုးခန်းထဲမှထွက်လာတဲ့ယန်ထန်ဟာ စာတွေကိုမြင်ချိန်မှာ မျက်မှောင်ကြုတ်သွားတယ်။
ဖုန်းကိုင်ထားတဲ့ဟယ်ရှင်းချွမ်ကို ကြည့်လာကာ
"မင်းမကြိုက်ဘူးဆိုရင်..."

သူ့စကားမဆုံးသေးခင်မှာပဲ၊ WeChat Groupထဲမှာစာအသစ်ပေါ်လာတယ်။

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ကျေးဇူးတင်ပါတယ်! ငါတို့ရဲ့အချစ်ကိုအသိအမှတ်ပြုပေးလို့ ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ဒီကိုလာ! မုန့်လိုက်ဝယ်ကျွေးမယ်.jpg ]

[ အသန်မာဆုံးMVP ဖက်တီး: ...... ]

[ ဝူ ဝူးဝူက မကျေနပ်ဘူး: ...... ]

ယန်ထန့်လူနဲ့ ဘယ်သူကများချိန်းတွေ့ရဲမှာလဲ!?

ဒီလိုနဲ့ပဲ၊ WeChat Groupကြီးဟာ တိတ်ဆိတ်ငြိမ်သက်သွားလေရဲ့။

ဟယ်ရှင်းချွမ်က ယန်ထန့်ဘက်လှည့်လာတယ်၊ ရေစိုစိုဆံပင်တွေကိုသုတ်ပေးနေပြီး
"မင်းဘာတွေပြောလိုက်လို့လဲ?"

"...ဘာမှမပြောပါဘူး..."
ဖြူဆူးတွေကိုကြောက်ရသေးတယ်လေ။

အထက်တန်းကျောင်းဒုတိယနှစ်မှာ၊ ကျောင်းက အလွန်အမင်းစည်းကမ်းတင်းကြပ်ထားတယ်။
ဟယ်ရှင်းချွမ်လိုအတန်းခေါင်းဆောင်တောင်မှ၊ နေ့စဉ် ကျောင်းယူနီဖောင်းကို ဝတ်စုံပြည့်ဝတ်ပြရတယ်။

ယန်ထန်ကတော့ ဟယ်ရှင်းချွမ်ရဲ့ဝတ်စုံပြည့်ပုံစံလေးကို အလွန်သဘောကျပါတယ်။
ကျောင်းသွားခါနီးတိုင်း၊ အနမ်းပေးခြင်းတွေကို မရပ်တန့်နိုင်ဘူး။
ကံကောင်းလို့သာ ကျောင်းမနောက်ကျတာ!

ယန်ထန့်အတွေးတွေထဲမှာ မဟုတ်တာတွေများစဉ်းစားနေမလား???

တွေးမိသူဟယ်ရှင်းချွမ်ကတော့ နားရွက်ဖျားလေးတွေနီရဲနေခဲ့ပြီ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now