|129 - END|

3.3K 360 28
                                    

[Unicode]

မနက်၁နာရီထိုးသွားချိန်မှပဲ၊ သတင်းကိစ္စတွေကို ခဏတာထိန်းချုပ်နိုင်ခဲ့တယ်။

ယန်ထန်ဟာ မကျေမချမ်းဖြစ်နေရပါတယ်။

သူ့ကို ပြဿနာရှာချင်သပဆို၊ တိုက်ရိုက်လာရှာလိုက်စမ်းပါ! ကြိုက်သလိုပြောဆိုလိုက်စမ်းပါ!
ဘာလို့များ...သူ့ကောင်လေးကို ပြဿနာရှာရတာလဲ!

သတင်းပြန်ကြားဌာနမှ ဝန်ထမ်းတွေ...ဘယ်သူကမှ ယန်ထန့်အခန်းထဲမဝင်ရဲသေးဘူး။
သူတို့ရဲ့ဘော့စ်ဟာ တင်းရင်းနေတဲ့မျက်နှာကြီးနဲ့၊ ရုံးခန်းထဲမှာ တစ်ယောက်တည်းကော်ဖီထိုင်သောက်နေတယ်။

"ထန်! ညလယ်စာတစ်ခုခုသွားစားကျမလား?"
အန်ဂျလာရဲ့လေသံဟာ မရဲတရဲလေး၊ မျက်နှာချိုသွေးနေသည့်အလားပင်။

သူမသာ အင်တာဗျူးဖြေရမှာကို အပျင်းတစ်ပြီး၊ ယန်ထန့်ဆီကို မလွှဲချမိခဲ့ဘူးဆို...လက်ရှိအခြေအနေတွေ ဖြစ်ပေါ်လာမှာမဟုတ်ဘူး။

ယန်ထန်ကလည်း သူမကိုစိတ်မဆိုးပါဘူး၊ ကိစ္စတွေဟာ အန်ဂျလာ့အမှားမှမဟုတ်ဘဲလေ။
သူဒေါသထွက်ရတဲ့အကြောင်းအရင်းက...ဟယ်ရှင်းချွမ်ကို မကာကွယ်ပေးနိုင်ခဲ့လို့ပဲ။

အဲ့တော့၊ အန်ဂျလာ့အမေးကို ခေါင်းညိတ်ပြကာ
"သွားရအောင်"

ကျန်ရှိနေတဲ့ကိစ္စရပ်များကို ကုမ္ပဏီဝန်ထမ်းတွေလက်ထဲသာ အပ်ခဲ့လိုက်တော့တယ်။
သူနဲ့အန်ဂျလာကတော့ ကုမ္ပဏီအနီးအနားမှာရှိတဲ့ တုတ်ထိုးအကင်ဆိုင်မှာ။

ညသန်းခေါင်ယံအချိန်ဖြစ်သောကြောင့်၊ လမ်းမထက်မှာ လူသူကင်းမဲ့လို့နေခဲ့တယ်။
အကင်ဆိုင်ပိုင်ရှင်ကြီးဟာ သူတို့နဲ့စကားလက်ဆုံကျနေလေရဲ့။

ကြည့်ရတာတော့၊ နိုင်ငံခြားသူလေးကို မမြင်ဖူးတဲ့ပုံပါပဲ။ အန်ဂျလာ့ကို တစ်ပိုင်းတစ်စအင်္ဂလိပ်စကားတို့ ဆိုနေတယ်။
အန်ဂျလာကတော့ ပြုံးပြရင်း၊ တရုတ်စကားဖြင့် ပြန်လည်ဖြေဆိုတယ်။

စားသောက်အပြီးမှာ၊ ယန်ထန်က အကင်တစ်ချို့ကိုပါဆယ်ထုပ်လိုက်တယ်။
ထို့နောက်မှာတော့၊ ကုမ္ပဏီဆီပြန်လာခဲ့ကျတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now