|120|

1.5K 271 28
                                    

[Unicode]

WeChat Group [ အသားကင်ချိန်းတွေ့သူများ ]

ရှီချင်းချင်းမှ ဓာတ်ပုံပေးပို့လာသည်။

ခဏအကြာမှာတော့၊ သူတို့ရဲ့WeChat Groupတစ်ခုလုံး ပွက်လောရိုက်ကုန်ရပါပြီ။

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ??? ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ခွေးကောင်! xxx ]

ဟယ်ရှင်းချွမ်ရဲ့အဆဲစကားလုံးလေးတွေကို မိန်းမငယ်လေးရှီချင်းချင်းဟာ မမြင်ချင်ယောင်ဆောင်လိုက်ပါတယ်။

[ MVP ဖက်တီးရဲ့ချစ်ဇနီးလေး: တင်ဟွားမောလ်ကို သွားတုန်းကတွေ့တာ! ဟောက်ယုလည်းမြင်လိုက်တယ်! ]

[ MVP ဖက်တီးရဲ့ချစ်ဇနီးလေး: ငါဘယ်လိုလုပ်သင့်လဲ? ဒီကိစ္စကြီးက တကယ့်ကို... ]

[ ဘဝကိုမချစ်သော်လည်း လီချင်းကိုချစ်တဲ့ ဝူ ဝူးဝူ: ခွေးအစုတ်ပလုတ်! xxx ]

[ လီချင်းက ဘဝနဲ့ဝူကျင်းကို ချစ်တယ်: ဒီခွေးကောင်ကတော့! xxx ]

[ တွေ့ချင်ရင်ကြိုချိန်း လာမနှောင့်ယှက်ပါနဲ့: ချင်းချင်း၊ အန်ဂျလာကိုပြောပြသင့်တယ်။ ဒါက ငါတို့ယောက်ျားလေးတွေမကိုင်တွယ်နိုင်ဘူး ]

[ MVP ဖက်တီးရဲ့ချစ်ဇနီးလေး: ဟုတ်ပြီလေ၊ အန်ဂျလာ့ကို ဖုန်းဆက်ပြီး၊ လက်ဖက်ရည်တူတူသောက်ဖို့ချိန်းလိုက်မယ်။ နင်တို့တွေက ဘာလုပ်မှာလဲ? ]

[ တွေ့ချင်ရင်ကြိုချိန်း လာမနှောင့်ယှက်ပါနဲ့: ငါ့ရဲ့နာမည်ကို တစ်ချက်ရှိုး! ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ထန်ကောရဲ့နာမည်ကို တစ်ချက်ရှိုး! ]

[ ဘဝကိုမချစ်သော်လည်း လီချင်းကိုချစ်တဲ့ ဝူ ဝူးဝူ: ထန်ကောရဲ့နာမည်ကို တစ်ချက်ရှိုး! ]

[ လီချင်းက ဘဝနဲ့ဝူကျင်းကို ချစ်တယ်: ထန်ကောရဲ့နာမည်ကို တစ်ချက်ရှိုး! ]

ကြိုတင်ချိန်းဆိုပြီး ပွဲကြမ်းတော့မယ်ပေါ့!

ရှီချင်းချင်းဟာ ဖုန်းထဲမှစာတွေကိုကြည့်ရင်း၊ သဘောတကျရယ်နေခဲ့ပါတယ်။

[ MVP ဖက်တီးရဲ့ချစ်ဇနီးလေး: ထန်ကောက အမိုက်ဆုံးပဲ! ဘယ်အချိန်မဆို ဘယ်နေရာမဆို ဩဇာကြီးမားလွှမ်းမိုးသူကွ! ]

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now