|11|

2.9K 521 8
                                    

[Unicode]

စာမေးပွဲနီးကပ်လာချိန်မှာ၊ အတန်းထဲကကျောင်းသားတွေအကုန်လုံးဟာ မေးခွန်းတွေစာရွက်တွေနဲ့အလုပ်များနေကျတယ်။
ယန်ထန်ဘေးကိုလှည့်ကြည့်လိုက်တော့ စားပွဲဖော်လေးကစာကျက်မနေဘူး။

"ဘာလုပ်နေတာလဲ?"

ဟယ်ရှင်းချွမ်ကမော့မကြည့်လာဘူး။
ရေးလက်စကိုသာ ဆက်ရေးနေပြီး
"ကျောက်သင်ပုန်းပေါ်ကမှတ်တမ်းကို လက်ဖတ်စာနဲ့ရေးခိုင်းထားလို့"

ယန်ထန်က သူ့စာအုပ်ကိုလှမ်းယူကာ ဖတ်ကြည့်လိုက်တယ်။
မှတ်တမ်းရေးသူက ဟယ်ရှင်းချွမ်ကိုရေးခိုင်းတာ အံ့ဩစရာမရှိပါဘူး။
စကားလုံးတွေကဖတ်ရလွယ်ပြီး၊ ပုံမှန်စကားလုံးနဲ့ ရွှေအိုရောင်ပါးပါးလေးရောနှက်ထားသလိုပဲ။

ယန်ထန်ရဲ့ကောလဟာလမျိုးစုံကို အတန်းထဲကလူတွေဆီကနေ ဟယ်ရှင်းချွမ်ကြားခဲ့ဖူးတယ်။
ဒါပေမဲ့ ကိုယ်တိုင်ပေါင်းသင်းကြည့်ချိန်မှာ၊ သူတို့ပြောသလိုမဟုတ်ဘူးလို့ပဲ တွေးထင်မိတယ်။

စကားပြောနည်းတာက အိပ်ငိုက်နေလို့ ဒါမှမဟုတ် ညနက်တဲ့အထိဂိမ်းဆော့နေလို့ဖြစ်နိုင်တယ်။

အကြည့်နက်နက်တွေကတော့ သူ့ရဲ့ကိုယ်ပိုင်အရှိန်အဝါမျိုးဖြစ်ရမယ်။

"ငါ့ကိုဘာတွေစိုက်ကြည့်နေတာလဲ? ချောလို့လား?"

ယန်ထန်က ဟယ်ရှင်းချွမ်ရှေ့တိုးကပ်သွားပြီး၊ အပြုံးကြီးကြီးနဲ့စနောက်လာတယ်။

စာမေးပွဲပြီးဆုံးချိန်မှာ၊ အတန်းရဲ့လေထုကချက်ချင်းအသက်ဝင်သွားခဲ့တယ်။
ယန်ထန်က သူ့လွယ်အိတ်ကိုသိမ်းဆည်းနေပြီး၊ ဟယ်ရှင်းချွမ်ကိုမေးခွန်းဆိုတယ်
"မင်းမှာ ဖုန်းရှိတယ်မလား?"

"ဟမ်?"

"QQရောရှိလား?"

"အင်း"

"ငါ့ကိုမင်းအကောင့်ပေး"

ဟယ်ရှင်းချွမ်ချရေးပေးပြီးနောက်မှာ၊ ယန်ထန်ကချက်ချင်းပြေးထွက်သွားတယ်။
ဖက်တီးနဲ့ဘတ်စကတ်ဘောဆော့ဖို့ချိန်းထားတာ၊ အလျင်စလိုပြေးထွက်သွားတဲ့လူငယ်လေးဟာ သူ့ရဲ့အပေါ်အင်္ကျီကိုတောင် သေချာမဝတ်ဆင်ရသေးဘူး။
ခပ်မြန်မြန်ခြေလှမ်းတွေနဲ့အတူ အင်္ကျီစတွေဟာဖွင့်ဟလို့သွားတယ်။
ဟယ်ရှင်းချွမ်ဟာ ခါးဖြူဖြူလေးကိုတောင် လှမ်းမြင်မိလိုက်တယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now