|51|

2.1K 422 7
                                    

[Unicode]

"အမှတ်သုံးအထက်တန်းကျောင်းက ပထမရလောက်မယ်ပြောနေကျတယ်"

ဖက်တီးရဲ့စကားကို ယန်ထန်ကအဖြေပြန်ပေးတယ်
"ငါ့ကိုပြောတာလား?"

ဖက်တီးက မျက်လုံးစွေကြည့်လာတယ်၊ တော်တော်ကဲတယ်ဆိုသောအကြည့်မျိုးဖြင့်။
"မင်းကို အပြင်လူတွေတုံ့ပြန်ပုံအတိအကျပဲ၊ စိတ်ခံစားချက်ပြင်းထန်ပြီး ဩဇာလွှမ်းမိုးနိုင်တယ်တဲ့! လူတွေက ပြဇာတ်ကိုဆက်တောင်မကြည့်ရဲလောက်အောင်ပဲ!"

"ခံစားချက်အစစ်အမှန်တွေမှမဟုတ်ပဲဟာ"
ယန်ထန်က ဖက်တီးကိုပြန်စိုက်ကြည့်လိုက်တယ်
"ဆက်ပြောနေရင် ငါ မင်းကိုကန်မိတော့မယ်"

ဖက်တီးကတော့ ပြောင်စပ်စပ်မျက်နှာပေးဖြင့်။
ယန်ထန့်လက်ပေါ်က နာရီအသစ်ကိုတွေ့ချိန်မှာ
"အာ...ထန်ကော! ဘာလို့ဒီဟာဝတ်ထားတာလဲ? ဒါက မော်ဒယ်အဟောင်းကြီးလေ၊ ဝူကျင်းကိုမှာပေးရမလား? မော်ဒယ်အသစ်လိုချင်ရင်!"

"မလိုဘူး"

ယန်ထန်က နာရီကိုငုံ့ကြည့်နေမိတယ်။
"ဒါလေးနဲ့ပဲအဆင်ပြေတယ်"

ဒီနာရီက သူ့ဖြူလေးဝယ်ပေးထားတာလေ။

ဒီနေ့ကျမှ ဘယ်လိုဖြစ်ရယ်မှန်းမသိ၊ ဟယ်ရှင်းချွမ်ဟာ တနေကုန်ကြို့ထိုးနေတယ်။

အရင်တုန်းကဆို ကြို့ထိုးတိုင်းအဘွားကပြောတတ်တယ်၊ စားချင်တာမစားလိုက်ရလို့ ကြို့ထိုးတာတဲ့။ မစားလိုက်ရတဲ့အကြွေးအတွက်ဆိုလားပဲ။
ဟယ်ရှင်းချွမ်က အိမ်ပဲပြန်လာခဲ့လိုက်တယ်၊ လက်ထဲမှာတော့ ရေဘူးလေးနဲ့။
ကြို့ထိုးချင်တိုင်း ရေတစ်ငုံသောက်နေရရှာတယ်။

အိမ်မှာ စာကျက်မယ်ပြောတဲ့ယန်ထန်ကတော့၊ အိမ်မှာ ဂိမ်းကစားနေပုံရတယ်။
ပြန်ရောက်လာတဲ့ဖြူလေးအသံကြားတော့ လက်ယပ်ခေါ်လိုက်ကာ
"ဒီနားလာဦး၊ ဖက်ထားချင်လို့"

ဟယ်ရှင်းချွမ်က လွယ်အိတ်နဲ့ရေဘူးကို ချက်ချင်းပစ်ချလိုက်ပြီး၊ ယန်ထန်ရှေ့အပြေးလာတယ်။
ပြီးတော့ အကျအနပဲယန်ထန့်ပေါင်ပေါ်တက်ထိုင်လိုက်တယ်။

ဒီကောင်လေးက ကျောင်းယူနီဖောင်းဝတ်ထားပြီး၊ အခုမှ အသက်၁၇နှစ်ပဲရှိသေးတာ...

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now