|65|

1.9K 355 3
                                    

[Unicode]

"ဟယ်ရှင်းလျန်! မင်းအဖြေက ငါ့အဖြေနဲ့မတူပါလား?"

"မင်းမှားဖြေထားတာ"

"......"

ကျောင်းမှာက အဲယားကွန်းမတပ်ထားဘူး၊
ပူလောင်တဲ့ရာသီဥတုအောက်မှာ ဟယ်ရှင်းလျန်ဟာ ချွေးပြန်နေရတယ်။

ပူလွန်းလို့ လူတောင်သေလောက်တယ်!

ဘေးခုံရှိကျောင်းသားကတော့ အပူဒဏ်ကိုမှုပုံမပေါ်ဘူး၊ စကားဆက်ပြောနေတယ်
"မင်းက တကယ်တော်တာပဲ! ဒီတစ်ခေါက်အမှတ်နည်းနည်းကျသွားပေမဲ့ စုစုပေါင်းအမှတ်ကတော့များမှာပါ! မိဘတွေ့ဆုံပွဲမှာ အဆင်ပြေလောက်တယ်၊ ငါကတော့ သွားပြီပဲ!"

"မင်းက ဂိမ်းပဲထိုင်ကစားနေတာကိုး"

"ဟေး! မိဘတွေ့ဆုံပွဲအတွက် ဘယ်သူလာပေးမှာလဲ?"

"ငါ့အစ်ကို"

"အာ! စီနီယာဟယ်ရှင်းချွမ်မဟုတ်လား!? ဘက်စုံဗဟုသုတရဲ့ဒဏ္ဍာရီကြီး! ငါသူ့ကိုသိတယ်!"
စားပွဲဖော်က သူ့နားတိုးကပ်လာကာ
"မင်းတို့မိဘတွေ ဘယ်လိုများမွေးထုတ်ပေးလိုက်တာပါလိမ့်? ဒီလိုတော်တဲ့သားနှစ်ယောက်ရအောင်?!"

နှစ်ယောက်စကားကောင်းနေချိန်မှာပဲ၊ အတန်းရှေ့ကို လူတစ်ယောက်ရောက်လာခဲ့တယ်။
"ရှင်းလျန်?"

"ကိုကို!"

လူငယ်က အရပ်ရှည်ပြီး ကြည့်ကောင်းတယ်။
မျက်မှန်ပါးတစ်လက်ကိုဝတ်ဆင်ထားပြီး၊ မျက်လုံးတစ်ဖက်ကတော့ နေရောင်ခြည်အောက်မှာ ပယင်းအလားတောက်ပနေခဲ့တယ်။
ကြောင်ရုပ်ရိုက်နှိပ်ထားတဲ့ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားကာ၊ အနောက်မှာလည်း စာရေးထားသေးတယ်။

တောအုပ်ထဲက ကျား...

ဟယ်ရှင်းလျန်က သက်ပြင်းချတယ်၊ သူ့အစ်ကိုရဲ့ ဖက်ရှင်အမြင်ကို တကယ်ကြီးစိုးရိမ်မိပါတယ်။

အနာဂတ်မှာ ဘယ်လိုနည်းနဲ့များ မိန်းမရှာယူမှာလဲ?

"ဟယ်..ဟယ်..ဟယ်.."

"ရှင်းချွမ်"
ဟယ်ရှင်းချွမ်က ပြုံးပြတယ်၊ သူ့နာမည်ကိုထပ်ဖြည့်ပေးလိုက်ရင်း။
"အစ်ကို့နာမည်က ဟယ်ရှင်းချွမ်ပါ"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now