|89|

1.7K 333 6
                                    

[Unicode]

အဆောင်မှထွက်လာပြီးနောက်မှာ၊ ယန်ထန်နဲ့ချိန်းဆိုထားတဲ့နေရာဆီ ရောက်လာခဲ့တယ်။

ကားက ကိတ်မုန့်ဆိုင်ရဲ့အရှေ့မှာ။
ကိတ်မုန့်ကိုင်လျက်ထွက်လာသူ ယန်ထန်ဟာ၊ ဟယ်ရှင်းချွမ်ကိုတောင် ဝင်တိုက်မိတော့မလို့ပင်။

"စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတာလား? မွေးနေ့ကိတ်ကို ဝင်တိုက်မိတော့မယ်"

ယန်ထန်က မကျေမချမ်းလေးစကားစတယ်။
ကိတ်မုန့်ဗူးကို ကားအနောက်ဘက်ခြမ်းထဲတင်လိုက်ပြီး၊ ထိုင်ခုံခါးပတ်ပါပတ်ပေးလိုက်တယ်။

လုံးဝ! လုံးဝ! ပုံပျက်သွားလို့မဖြစ်ဘူး!!!

မောင်းသူနေရာဆီပြန်ဝင်ထိုင်တော့၊ 'မိုးပြိုတော့မည့်အလား' မျက်နှာပေးနဲ့ဖြူလေး။

"...စကော်လားရှစ်မရလို့ ဝမ်းနည်းတာလား? ပိုက်ဆံမရတော့လို့လား?"
ယန်ထန်က စနောက်လိုက်ပေမဲ့၊ ကတ်ကတ်လန်အောင် ပြန်ရန်တွေ့နေကျဖြူလေးဟာ ငြိမ်သက်နေတုန်းပဲ။

ယန်ထန့်နှလုံးသားဟာ တုန်လှုပ်သွားရပြီ။
ဖြူလေးရဲ့လက်ဖဝါးနုနုကို ညှစ်ကိုင်လာရင်း
"ရှင်းလျန်ကျောင်းဆီ အရင်သွားကျတာပေါ့"

အထက်တန်းတတိယနှစ်တွေက အတန်းမဆင်းသေးဘူး။
ကျောင်းရဲ့အနောက်ဘက်ဂိတ်မှာ ကားကိုရပ်လိုက်တယ်၊ ခါးပတ်ချွတ်ပြီး ဟယ်ရှင်းချွမ်ဘက်မျက်နှာမူလိုက်ကာ
"ဘာကိစ္စလဲ?"

ဟယ်ရှင်းချွမ်က တိတ်ဆိတ်နေဆဲပင်။
ခဏအကြာမှ၊ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလာတယ်။

သူနဲ့ယန်ထန်က အမြဲဒီလိုပဲ၊ တစ်ယောက်အပေါ်တစ်ယောက် မှီခိုနေကျ။
ဒီလမ်းကိုအတူဆက်လျှောက်ရဖို့အတွက်၊ ဘယ်လိုအကြောင်းအရာကိုမှ ထိန်ချန်မထားခဲ့ချင်ဘူး။

သူ့ဘဝရဲ့အစိတ်အပိုင်းအားလုံးမှာ ယန်ထန်ပါဝင်နေဖို့မျှော်လင့်မိတယ်။ အသက်ကြီးသွားတဲ့အခါ၊ ဘယ်လောက်တောင်ချိုမြိန်နေလိုက်မလဲ?

ထန်ကောလည်း အဲ့လိုပဲတွေးမိလောက်မှာပါ။

ဟယ်ရှင်းချွမ်ရဲ့ရှင်းပြမှုအဆုံးမှာ၊ ယန်ထန်က စီးကရက်လိပ်ကိုထုတ်ယူလိုက်တယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now