|Extra 1|

2.2K 313 22
                                    

[Unicode]

လက်ထပ်ထိမ်းမြားမင်္ဂလာ။

"ငါတို့တွေပါ သေချာပေါက်အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ရမှာလား!? ငါတော့ အသက်ရှူကြပ်နေပြီ"

ဝူကျင်းက သူ့လည်ပင်းထက်ရှိဖဲပြားကို ဆွဲချွတ်ရင်းပြောလာတယ်။
လီချင်းက ဝူကျင်းလက်ကိုလှမ်းပုတ်ထုတ်လိုက်ကာ
"သတို့သားအရံတွေက ဝတ်စုံပြည့်မဝတ်လို့ရမလား!? သတို့သမီးအရံဝတ်စုံ ဝတ်ချင်တယ်ဆိုရင်လည်း မင်းကိုငါမတားပါဘူး!"

ဖဲပြားကိုဆွဲချွတ်နေတဲ့ဝူကျင်းလက်တွေဟာ ရပ်တန့်လို့သွားပါတော့တယ်။

ခပ်ဟဟဖြစ်နေတဲ့ အင်္ကျီကော်လာမှတဆင့်၊ ဝူကျင်းရဲ့ခေါင်းပြတ်တက်တူးကို တွေ့မြင်နေနိုင်တယ်။
ထို့ကြောင့်ပဲ၊ ဝတ်စုံပြည့်ဝတ်ထားသူဝူကျင်းဟာ ဂန်းစတားဘော့စ်နဲ့ ပိုမိုဆင်တူနေလေရဲ့။

လီချင်းက သူ့ခါးကိုဆွဲဆိတ်တယ်
"ခဏနေရင် အသားကျသွားလိမ့်မယ်၊ သူများမင်္ဂလာဆောင်မှာ ပြဿနာရှာမနေစမ်းနဲ့!"

"အင်းပါ၊ ဖက်တီးတို့ဆီသွားရအောင်"

စကားအဆုံးမှာ၊ နှစ်ယောက်သား ဖက်တီးတို့လင်မယားရှိလောက်မည့်နေရာသို့ လျှောက်သွားတယ်။

ဟယ်ရှင်းလျန်ဟာ တစ်ညလုံးငိုထားခဲ့တာ။
သူ့ကိုကိုက ဘာလို့လက်ထပ်တော့မှာလဲ!?
သူ လုံးဝနားမလည်နိုင်ဘူး...မနက်အိပ်ရာထတော့ ဟယ်ရှင်းလျန်မျက်လုံးတွေဟာ နီရဲနေခဲ့ပြီ။

မနက်စောစောစီးစီးကို၊ ဟန်ချုံးတစ်ယောက် ဟိုတယ်ထဲလှည့်ပတ်နေရရှာတယ်။
နိုင်ငံခြားသားဟိုတယ်ဝန်ထမ်းတွေကို၊ လက်ဟန်ခြေဟန်ပြကာ ရေခဲတုံးတောင်းဆိုတယ်။

"ကျွတ်စ်-"

ရေခဲနဲ့ထိကပ်တော့၊ မျက်လုံးတွေနာကျင်တယ်။

"မင်းမျက်လုံးတွေကို ကြည့်ပါဦး! ဒီပုံစံနဲ့ အစ်ကိုရှင်းချွမ်ရှေ့သွားပြမလို့လား!? စိတ်မကောင်းဖြစ်အောင်လို့!"

"ငါလုံးဝနားမလည်ဘူး! ငါတို့တွေ ဘွဲ့ရခရီးထွက်ပြီး အိမ်ပြန်ရောက်ရောက်ချင်းကိုပဲ၊ ထန်ကောက ပတ်စ်ပို့ယူလာခိုင်းတယ်။ ပြီးတော့ နိုင်ငံခြားလိုက်သွားရပြီး၊ ကိုကိုက လက်ထပ်တော့မယ်တဲ့...အဲ့ဒါ ဘာသဘောကြီးလဲ!?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now