|110|

1.5K 263 7
                                    

[Unicode]

သူ့ကိုယ်သူ ကြမ်းကြမ်းရမ်းရမ်းနေတတ်တဲ့လူမျိုးမှန်း ယန်ထန်နားလည်ထားပါတယ်။
အဲ့ဒါကြောင့်ပဲ၊ ပြဇာတ်က ဘာတွေကနေသလဲဆိုတာကို သူလုံးဝနားမလည်နိုင်ဘူးလေ။
သူ့ဘေးရှိဖြူလေးကတော့ စိတ်ဝင်တစားကြည့်နေလိုက်တာ၊ အကြည့်တစ်ချက်တောင်မလွှဲဘူး။

ပတ်ဝန်းကျင်ဟာ မဲမှောင်လို့နေခဲ့တယ်။

တစ်ခုတည်းသောအလင်းရောင်က စတိတ်စင်ထက်မှာ...နူးညံ့သိမ်မွေ့သောခံစားချက်တို့ကို ပေးစွမ်းလျက်။

ဟယ်ရှင်းချွမ်မျက်လုံးက ပယင်းရောင်။

ယန်ထန့်အာရုံတွေဟာ စတိတ်စင်ပေါ် ရှိမနေခဲ့တော့ဘူး။ သူ့ဘေးကအမျိုးသားလေးရဲ့မျက်နှာထက်သို့သာ ရောက်ရှိသွားပါတယ်။

၆နှစ်တောင်ရှိခဲ့ပြီပဲ၊ အထက်တန်းကျောင်းသားဘဝကသာ စတင်ရေတွက်လိုက်မယ်ဆို။
ပိန်ရှည်ရှည်ဖြူလေးတောင် အလွန်ချောမောတဲ့အမျိုးသားလေးဖြစ်လာခဲ့ပြီ။
ယန်ထန်သာ အမိအရမဖမ်းနိုင်ခဲ့ရင်၊ တစ်ခြားသူတွေလက်ထဲ ဖြူလေးကျရောက်သွားလေမလား?

အခြားတစ်ယောက်အတွက် ဟင်းချက်ပေးနေတဲ့ ဟယ်ရှင်းချွမ်ကိုမြင်ယောင်မိတော့...ယန်ထန့်မျက်နှာက ချက်ချင်းပျက်သွားလေရဲ့။

ဟယ်ရှင်းချွမ်ရဲ့လက်ကို လှမ်းဆုပ်ကိုင်လာတယ်။

"ထန်ကော?"
ဟယ်ရှင်းချွမ်က လေသံတိုးတိုးနဲ့ အမေးစကားဆိုတယ်။

ယန်ထန်ကတော့ ဘာမှပြန်မဖြေဘူး။
နာရီလစ်ဟာနေတဲ့ လက်ကောက်ဝတ်ဟာ...ဖြူလေးလက်ဆီမှ အပူချိန်ငွေ့ငွေ့ကြောင့်၊ လစ်ဟာမှုတို့ကို မေ့လျော့သွားစေတယ်။

အိမ်ပြန်ရောက်ပြီးနောက်မှာ၊ ဂိမ်းကစားလို့ပြီးသွားတဲ့ယန်ထန်က ဖုန်းကိုဖွင့်ကြည့်လိုက်တယ်။
သူ့ဖြူလေးက ပို့စ်တင်ထားတာပဲ!

ဓာတ်ပုံက အနည်းငယ်တော့မှောင်နေတယ်။
သို့သော်လည်း၊ ယှက်တွယ်ထားသော လက်တစ်စုံကို သဲကွဲစွာတွေ့မြင်နိုင်ပါတယ်။

[ ကောက အမှောင်ကြောက်တယ်နဲ့တူတယ်! ဘယ်လိုလုပ်ရမလဲ! #အရေးကြီး #အွန်လိုင်း ]

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now