|Extra 6|

1.7K 297 16
                                    

[Unicode]

ဖွင့်ဟဝန်ခံမှု။

လီချင်းရဲ့အမေက သူမဘဝတစ်လျောက်လုံးကို မျက်နှာပန်းပွင့်ရဖို့အတွက်ပဲ ကြိုးပမ်းလာခဲ့တာ။

သူမရဲ့ငယ်ရွယ်စဉ်ကာလမှာ၊ ပညာတတ်လူငယ်တွေက နယ်တွေဘက်ကိုသွားအလုပ်လုပ်ကျရတယ်။
မာနကြီးကြီးအမျိုးသမီးလေးဟာ လယ်အလုပ်တွေလည်းမလုပ်နိုင်ဘူး။
ဘောပင်ပဲကိုင်လေ့ရှိတဲ့ လက်ချောင်းလေးတွေထက် အရည်ကြည်ဖုများထလာတဲ့အထိ။

အဲ့အချိန်မှာပဲ၊ လီချင်းအဖေက ပေါ်လာတယ်။

ရိုးသားတဲ့တောသားလေးဟာ မြို့ကြီးသူလေးကိုချစ်မိသွားခဲ့တယ်...သူမရဲ့မျိုးရိုးဂုဏ်ပုဒ်များကို မေ့လျော့သွားခဲ့ရင်းပေါ့။
ကြမ်းတမ်းသောဖျင်စအောက်မှ ပန်းပွင့်ဖြူလေး။

လူအများရဲ့အပြောအဆိုကို ကြောက်သောကြောင့်၊ လီချင်းအမေက လက်ထပ်ပွဲကိုအကျဉ်းချုံး၍သာ ကျင်းပစေခဲ့တယ်။

ရွာမှာနေရတဲ့ အချိန်ကာလတွေဟာ၊ လီချင်းဘဝရဲ့ အပျော်ဆုံးအစိတ်အပိုင်းလေးထဲမှတစ်ခု။

မညီညာသောကျောက်ခင်းလမ်းသွယ်...ရွှံ့တွေထဲ ခြေသလုံးနှစ်ရတဲ့ခံစားချက်...အပြာရောင်ကောင်းကင်ထက်မှ အဖြူရောင်တိမ်တိုက်များစွာ။
အစအဆုံးမဲ့တဲ့ မြင်ကွင်းကျယ်။

လီချင်း မူလတန်းအောင်တော့၊ လီချင်းအမေက သူ့သားရဲ့ပညာရေးကို ပိုမိုတိုးတက်စေချင်တယ်။
အဖေဖြစ်သူရဲ့ ပညာအရည်အချင်းနိမ့်ပါးမှုအပေါ် ရှုံ့ချကာ၊ အလျင်အမြန်ပဲကွာရှင်းခဲ့တယ်။
ထို့နောက်မှာတော့၊ မြို့ပေါ်ပြန်တက်လာတယ်။

အဆက်အသွယ်ဖြတ်ထားခဲ့တဲ့မိဘတွေရှေ့၊ ဒူးထောက်ကာ တောင်းပန်စကားဆိုတယ်။
လီချင်းအတွက် အလယ်တန်းကျောင်းကောင်းကိုရှာပေးဖို့ ငိုယိုရင်းတောင်းဆိုတယ်။

အဘိုးနဲ့အဘွားက လီချင်းကိုလှမ်းကြည့်တယ်...စွန်းထင်းနေသော အညစ်အကြေးတစ်ခုအလား...မဖြစ်တည်လာသင့်သော အမှားအယွင်းတစ်ခုအလား။

အဆင့်ဘယ်လောက်ပဲဖြစ်ဖြစ် အမှတ်၁၀၀မရရင်၊ သူ့အမေက လီချင်းကိုရိုက်နှက်လေ့ရှိတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now