|114|

1.6K 259 1
                                    

[Unicode]

ဟယ်ရှင်းချွမ်ဟာ အိပ်ရာထက်မှာ နှစ်ခြိုက်စွာအိပ်ပျော်လို့နေတယ်။
ယန်ထန်က လက်ပ်တော့ကိုဘေးချပြီး၊ အန်တီယွမ်လက်ထဲမှ မနက်စာပန်းကန်ကိုလှမ်းယူတယ်။
"အန်တီယွမ် နေ့လည်ကျရင် ရှင်းချွမ်ကိုဆေးရုံခေါ်သွားမှာမို့လို့၊ ပြန်ရင်ပြန်လိုက်လို့ရပြီနော်"

"ဟုတ်ပါပြီ"
အခန်းတံခါးကို ပြန်မပိတ်ခင်၊ အန်တီယွမ်က ယန်ထန့်ကို တစ်ချက်လှမ်းကြည့်မိတယ်။

အမြဲရုပ်တည်နေတတ်တဲ့ သခင်လေးယန်ထန်ဟာ...ဆန်ပြုတ်ဇွန်းကို လက်တစ်ဖက်ကကိုင်ကာ၊ ကျန်တစ်ဖက်ကတော့ ဟယ်ရှင်းချွမ်ပုခုံးကို ခပ်ဖွဖွပုတ်နှိုးနေတယ်။
"ဖြူလေး၊ အိပ်မပျော်သွားနဲ့ဦး။ မနက်စာထစား"

သခင်လေးယန်ထန်ရဲ့အသံက...သူမကြားဖူးခဲ့သမျှထဲမှာ...အနူးညံ့ဆုံးပဲ။

အန်တီယွမ်ဟာ အတတ်နိုင်ဆုံးအသံမထွက်အောင်၊ အခန်းတံခါးကို ညင်သာစွာပိတ်ခဲ့ပါတယ်။

အခန်းထဲမှကမ္ဘာငယ်လေးကို နှောင့်ယှက်မိမှာစိုးရိမ်သည့်အလား...

တဝါးဝါးသမ်းဝေရင်း၊ ဟယ်ရှင်းချွမ်က နိုးထလာတယ်။ မျက်လုံးလေးတွေပွတ်သပ်နေကာ၊ အပြည့်အဝနိုးကြားဟန်တော့မပေါ်ပေ။
ခရမ်းချဉ်သီးပန်းကန်ကို မြင်တော့၊ အားရဝမ်းသာပြုံးရယ်လို့သွားတယ်။
"ငါ့အဘွားက ငါ့ကိုဒါမျိုးလုပ်ကျွေးနေကျ"

တူနဲ့ တစ်ဖတ်ကောက်ယူလိုက်ပြီး၊ ပါးစပ်ထဲတန်းထည့်တယ်။
အန်တီယွမ်က သေချာဂရုစိုက်ပြီးလုပ်ထားပေးတာ...အခွံတွေအားလုံးကို သေသပ်စွာနွှာထားတယ်။

ယန်ထန်က သူ့နှုတ်ခမ်းထောင့်မှသကြားစလေးတွေကို၊ လက်မနဲ့ဖိသုတ်ပေးတယ်။
"ဆေးရုံသွားပြီးရင်၊ ဝူကျင်း ဖက်တီးတို့နဲ့ချိန်းထားတာရှိသေးတယ်။ ဘာစားချင်လဲ? ငါကြိုပြီးဘိုကင်လုပ်ထားမလို့"

"အရမ်းကြီးစားချင်နေတာမျိုးတော့မရှိပါဘူး..."
ဆန်ပြုတ်သောက်နေတဲ့ဖြူလေးဟာ တစ်စုံတစ်ခုကိုသတိရသွားပုံပါပဲ။ ဆန်ပြုတ်ပန်းကန်နဲ့ တူကို ပြန်ချလိုက်ကာ
"ချစ်သူလေး! အခုတလော ဟိုဟာမလုပ်ရတာကြာနေသလိုပဲ! ငါ့ကို အဲ့ဒါကျွေးသင့်တယ်!"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now