|95|

1.8K 296 7
                                    

[Unicode]

တစ်ခါမှ အရက်နာမကျဘူးတာမဟုတ်ပါဘူး။

ဒါပေမဲ့ ဒီလိုကပထမဦးဆုံးပဲ...ခေါင်းမကိုက်ဘဲ၊ တင်ပါးနာပြီးနိုးထလာရတဲ့ အရက်နာကျခြင်း။

ဟယ်ရှင်းချွမ်ရဲ့ ခန္ဓာကိုယ်အတွင်းသားတွေဟာ အတော်လေးကိုရောင်ကိုင်းနေတယ်။

ခါးလေးကိုဖိကိုင်ရင်း၊ ရေချိုးခန်းဆီသို့ တရွေ့ရွေ့သွားမိတယ်။

မှန်ကြည့်လိုက်တော့၊ သူ့ကိုယ်ပေါ်မှာ အကောင်းအတိုင်းကျန်တဲ့နေရာ...တစ်နေရာတောင်မရှိပါလား!
လည်ပင်းမှစလို့ ရင်ဘတ်တစ်လျောက်လုံး၊ ပေါင်ရင်းသားတွေအပြင် ဒူးခေါင်းတောင်မချန်ခဲ့ဘူး!

သူ့ဦးနှောက်နဲ့တောင် လိုက်မတွေးတတ်တော့ဘူး။
နေရာလပ်မကျန်အောင်၊ ထန်ကောက ဘယ်လိုနည်းနဲ့များ သူ့ကိုတစ်ညလုံးလှိမ့်ခဲ့ပါလိမ့်???

မနေ့ညရဲ့မှတ်ဉာဏ်တွေဟာ တကွဲတပြားဖြင့်။
သူ့ခန္ဓာကိုယ်ကို ဆော့ကစားနေခဲ့တဲ့ယန်ထန်ကို...အသေအချာကြီးမှတ်မိနေတယ်!

အတွေးတွေဟာ မနေ့ညကအချိန်အခါဆီ၊ ပြန်လည်ရောက်ရှိသွားပါတော့တယ်။
ဟယ်ရှင်းချွမ်က သူ့ပါးသူခပ်ဖွဖွပြန်ရိုက်မိတယ်။
အတွေးထဲကပုံရိပ်တွေကို အမြန်မောင်းထုတ်လိုက်ရင်း...

ရှက်စရာကြီး!

ဘာ့ကြောင့်များ အကျယ်ကြီးအော်ငြီးမိခဲ့တာလဲ!?

မီးဖိုခန်းရဲ့ထမင်းစားစားပွဲပေါ်မှာ ဆန်ပြုတ်ပူပူလေးတစ်ခွက်ရှိနေခဲ့တယ်။
စားသောက်လို့ပြီးသွားတော့၊ ဟယ်ရှင်းချွမ်ဟာ တော်တော်လေးနေရသက်သာသွားပါပြီ။

ဆောင်းရာသီအားလပ်ရက်ရှည်ကာလမို့...ဘာမှမလုပ်ချင်လောက်အောင် ပျင်းရိမိနေတယ်။

ဆိုဖာပေါ်လှဲနေရင်း၊ အိမ်ပြန်လာမဲ့သူ့ရဲ့ထန်ကောကို ဖြူလေးဟာစောင့်မျှော်နေခဲ့တယ်။

ယန်ထန်က နေ့လည်လောက်မှပြန်ရောက်လာတယ်။
လက်ထဲမှာလည်း အသီးအရွက်တွေနဲ့။
ဟယ်ရှင်းချွမ်ရဲ့ညွှန်ပြမှုကို စောင့်မနေတော့ဘဲ၊ ရေခဲသေတ္တာထဲကို တန်းထည့်လိုက်လေရဲ့။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now