|124|

1.5K 258 3
                                    

[Unicode]

အိပ်ရာပေါ်လှဲနေခဲ့တဲ့ယန်ထန်ဟာ မကြာခင်မှာပဲအိပ်ပျော်သွားခဲ့ပြီ။

ဟိုဘက်လှည့်လိုက် ဒီဘက်ပြောင်းအိပ်မိလိုက်ဖြစ်နေသူ ဟယ်ရှင်းချွမ်ကတော့၊ ဘယ်လိုမှအိပ်မပျော်နိုင်ခဲ့ပေ။
ဖုန်းကိုလှမ်းယူကာ၊ အိပ်ရာပေါ်မှထလာလိုက်တယ်။
ထို့နောက်မှာတော့၊ ဝရန်တာဆီလျှောက်လာခဲ့ပြီး စီးကရက်တစ်လိပ်ကိုမီးညှိတယ်။

ဟယ်ရှင်းချွမ်ဟာ ဆေးလိပ်သောက်လေ့မရှိပါဘူး။
ယန်ထန့်ကို ဆေးလိပ်ဖြတ်ဖို့တိုက်တွန်းစဉ်တုန်းက၊ ထိုအမျိုးသားဟာ မဖြတ်ချင်ခဲ့ဘူး။
အဲ့တော့၊ ဟယ်ရှင်းချွမ်ကပါ စီးကရက်တစ်ဗူးဝယ်လိုက်တယ်။ ယန်ထန်ရှေ့မှာပဲ တစ်လိပ်ပြီးတစ်လိပ်ထိုင်သောက်ပြတယ်။

ယန်ထန့်ကို ပြောခဲ့တဲ့စကား...မှတ်မိနေသေးတယ်။
'ငါ့အတွက်စိတ်ပူနေလား? ငါလည်း အဲ့လိုခံစားရတာပဲ'

နောက်တော့၊ ယန်ထန်က ဆေးလိပ်မသောက်တော့ဘူး။ အနည်းဆုံးတော့ သူ့ရှေ့မှာမသောက်ပြဘူး။

ဖုန်းမျက်နှာပြင်ဟာ မီးလင်းလာခဲ့တယ်။
ပါးစပ်ထဲ စီးကရက်ကိုက်လျက်ပဲ၊ ဖုန်းကို ဖွင့်ကြည့်လိုက်တယ်။

လီချင်းက သူ့ဆီစာပို့လာတာ။

[ လီချင်း: အဆင်ပြေရဲ့လား? ရှာလို့ရောတွေ့ပြီလား? ]

[ ဟယ်ရှင်းချွမ်: ရှာတွေ့ပြီ၊ အခုပဲအိပ်ပျော်သွားတယ် ]

[ လီချင်း: ကောင်းတာပေါ့၊ ဝူကျင်းက သူ့လူတွေလွှတ်ပြီး ထွက်ရှာခိုင်းတော့မလို့။ ငါက အတင်းတားလိုက်လို့ပေါ့။ နှစ်သစ်ကူးကာလပဲလေ၊ အလုပ်ခိုင်းလို့ဘယ်ကောင်းမလဲ ]

[ ဟယ်ရှင်းချွမ်: ကျေးဇူးတင်ပါတယ် စီနီယာ ]

[ လီချင်း: စကားမစပ်၊ ငါကြားထားတဲ့ကိစ္စလေးတစ်ခုရှိတယ်။ ယန်ထန်က ရှေ့နေငှါးပြီး၊ မိဘ-သားသမီးဆက်ဆံရေးပြတ်တောက်ဖို့ ပြင်ဆင်နေတယ်ကြားတယ်။ သူ့ရဲ့မိသားစုကိစ္စဆိုတော့ ငါမပြောပြဘဲနေမလို့ပါ ]

[ လီချင်း: သူ မိသားစုနဲ့အဆင်ပြေရဲ့လား? ]

[ ဟယ်ရှင်းချွမ်: အဆင်ပြေမှာပါ၊ ကျွန်တော်လည်းရှိနေတာပဲဟာ။ စီနီယာ နောက်ကျနေပြီ၊ မအိပ်သေးဘူးလား? နောက်နေ့ကျရင်၊ ဝူကျင်းကိုပါခေါ်ပြီး ညစာလိုက်ကျွေးပါ့မယ် ]

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now