|Extra 9|

3.5K 411 80
                                    

[Unicode]

နှစ်သစ်ကူးကာလ။

အိုက်ထန်ဂိမ်းစတူဒီယိုဟာ အောင်မြင်ပြီးရလာဒ်ကောင်းတွေထွက်ပေါ်တဲ့ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်နေခဲ့ပြီ။
ဘော့စ်ယန်ထန်က နှစ်ပတ်လည်ပွဲနေ့မှာ မဲဖောက်ပေးတယ်၊ အနည်းဆုံးပမာဏတောင်မှ ယွမ်တစ်သောင်းကစတယ်။

လူတိုင်းက ပျော်ရွှင်မြူးထူးတယ်...သောက်စားပြီး အိမ်ပြန်ကျတယ်။

အန်ဂျလာနဲ့ယုတုန်က ယန်ထန်လာကြိုမှာကိုစောင့်နေတယ်...လမ်းဆုံမှာရပ်နေရင်းပေါ့။

ယုတုန်ကတော့ 'နွားနို့သောက်တာရော ဟုတ်ရဲ့လား?' လို့မေးရမလိုပင်။
အထက်တန်းတက်ချိန်အထိ၊ သူ့အရပ်က လုံးဝမရှည်လာဘူး...ဒီနှစ်ရဲ့နွေရာသီပိတ်ရက်အပြီးမှာတော့၊ ရုတ်တရပ်ကြီးအရပ်ရှည်လာတယ်။
ယန်ထန့်ပုခုံးနားတောင် မှီတော့မယ်!

သူတို့နှစ်ယောက်ရှေ့ကားထိုးရပ်တော့၊ အန်ဂျလာက အမြန်ဝင်ထိုင်လိုက်တယ်။
"ဒီနေ့ အရမ်းအေးတာပဲ!"

ယုတုန်က သူ့လည်ပင်းထက်မှမာဖလာကိုဆွဲချွတ်ပြီး၊ သူ့အမေကိုပတ်ပေးနေတယ်။
"မာမီ၊ ဒီနေ့က အနုတ်ငါးဒီဂရီတောင်ရှိတာ။ စကတ်ဝတ်မလာနဲ့လေ"

"စကတ်မဝတ်ဘဲနဲ့၊ တုန်တုန်အတွက် ဒယ်ဒီအသစ်ဘယ်ရှာနိုင်ပါ့မလဲ!?"

ယုတုန်ဟာ အန်ဂျလာ့ကိုဘာမှပြန်မပြောနိုင်ပေ။
ယန်ထန်က ကားထဲကလေပူပေးစက်ကိုဖွင့်လိုက်တယ်။ အန်ဂျလာရဲ့ဒိတ်တွေအကြောင်း နားစွင့်ရင်း၊ အပြုံးနဲ့အတူခေါင်းယမ်းမိတယ်။

လမ်းပေါ်မှာ လူသိပ်မရှိဘူး...နှစ်သစ်ကူးကာလကြောင့်ရယ်ဖြစ်လိမ့်မယ်။
ကားလမ်းပိတ်တဲ့ပြဿနာမရှိတော့၊ လျင်မြန်စွာပဲ အိမ်ပြန်နိုင်ခဲ့ပါတယ်။

ဟယ်ရှင်းချွမ်မှာလိုက်တဲ့ ဟင်းချက်ပစ္စည်းတွေကို ကားထဲမှထုတ်ယူတယ်။
ယုတုန်ပုခုံးပေါ်လက်တင်လိုက်ကာ၊ သုံးယောက်သား အပေါ်ထပ်တက်လာခဲ့ကျတယ်။

ယန်ထန် တံခါးခေါက်လိုက်တော့...ချက်ချင်း တံခါးပွင့်လာပါတယ်။
ထွက်ပေါ်လာသူအမျိုးသားက ၁.၈၇မီတာနီးပါးအရပ်၊ ခပ်လိမ်လိမ်ဆံပင်လေးတွေနဲ့။
နူးညံ့တဲ့မျက်လုံးတစ်စုံဟာ အပြုံးစစနှုတ်ခမ်းသားဖြင့် ကာရန်လိုက်လို့ထားတယ်။
မျက်ဆံတစ်ဖက်က အရောင်ဖျော့တယ်...ပယင်းရောင်လေးအလားပင်၊ စိတ်ဝိညာဉ်အထိ ဖောက်ထွင်းသွားနိုင်တဲ့ ကြည်လင်သောမျက်လုံးလေးများ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now