|126|

1.5K 259 9
                                    

[Unicode]

ယန်ထန့်အလုပ်တွေမပြီးမချင်း၊ ဟယ်ရှင်းချွမ်ဟာ အန်ဂျလာ့ရုံးခန်းထဲရှိဆိုဖာပေါ်လှဲလျောင်းရင်း Weiboသုံးနေမိတယ်။
အန်ဂျလာကတော့ အလုပ်ဆင်းသွားခဲ့ပြီ...ရှီချင်းချင်းနဲ့အတူ ရှော့ပင်းထွက်ဖို့ချိန်းထားတယ်တဲ့။

"အန်ဂျလာ၊ ဒီတစ်ခုက ပြန်စစ်ဆေးဖို့လိုသေးတယ်လို့ထင်တယ်...အန်ဂျလာ?"

ဟယ်ရှင်းချွမ်က ခေါင်းထောင်မလာဘဲပြန်ဖြေတယ်
"အန်ဂျလာက ရုံးဆင်းသွားပြီ"

"...စီနီယာ?"

"ဟမ်?"
လက်ထဲကဖုန်းကို ဘေးချလိုက်ပြီး၊ ဟယ်ရှင်းချွမ်က ဆိုဖာပေါ်မှထလာတယ်။
"အိုး! မိတ်ဆွေဟောင်းကြီးပါလား?"

ကောင်းဟုန်ဟူရဲ့ ဟယ်ရှင်းချွမ်အပေါ်အကြည့်က...မရှိသင့်မရှိထိုက်သည့်နေရာမှာ ရှိနေသူတစ်ယောက်အလားပင်။

သူက မျက်မှောင်ကြုတ်ရင်းမေးသေးတယ်
"စီနီယာက ဒီမှာဘာလုပ်နေတာလဲ?"

ဟယ်ရှင်းချွမ်က ခဏတာတိတ်ဆိတ်သွားတယ်၊ ပြန်လည်ဖြေကြားရမည့်အဖြေကို တွေးတောနေဟန်။

"မင်းတို့ရဲ့ဘော့စ်ထန်ကို မြူဆွယ်ဖို့လာတာ~"

"......"

နှစ်ယောက် အကြည့်ချင်းပြိုင်နေစဉ်မှာပဲ၊ ယန်ထန်က ရုံးခန်းတံခါးကိုဖွင့်ပြီး ဝင်ရောက်လာခဲ့တယ်။

ဟယ်ရှင်းချွမ်ကိုမြင်တော့
"ရောက်နေတာ ဘာလို့ငါ့ကိုမပြောရတာလဲ?"

ဟယ်ရှင်းချွမ်ကတော့ သူ့ဖုန်းကိုဝေ့ယမ်းပြကာ
"မင်းက အလုပ်တွေရှုပ်နေတဲ့ဟာ၊ ဝင်မနှောင့်ယှက်ချင်ပါဘူး။ အခုရော ပြီးပြီလား? လက်မှတ်ထိုးဖို့တွေ ဘာတွေညာတွေကျန်သေးလား? စီမံခန့်ခွဲရေးဌာနကို နည်းနည်းအနားပေးစမ်းပါဦး!"

"အနားမပေးတာမဟုတ်ဘူး၊ သူတို့ရဲ့တုံးအမှုကို ငါနားမလည်နိုင်တာ!"
ယန်ထန်က ပြောရင်းနဲ့မှပဲ၊ မလှုပ်မယှက်မတ်တပ်ရပ်နေသူကောင်းဟုန်ဟူကို မြင်တွေ့သွားလေရဲ့။
"မင်းက ဒီမှာဘာလုပ်နေတာလဲ?"

ကောင်းဟုန်ဟူ: "......"

"သူက ငါ့ရဲ့ဘော့စ်ထန်ကိုမြူဆွယ်ပုံကို လာချောင်းနေတာလေ"
ခေါင်းလေးစောင်းလျက်၊ ဟယ်ရှင်းချွမ်ဟာ စနောက်သလိုလိုလေသံလေးဖြင့် ဆိုလာတယ်။
ပုံမှန်နူးညံ့မှုအလွှာလေး ကွာကျသွားခဲ့ပြီး၊ လက်နက်ဖြစ်တဲ့အဆူးတွေ ထွက်ပေါ်လာသည့်အတိုင်းပဲ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now