|Extra 2|

2K 296 40
                                    

[Unicode]

သဝန်တိုမှု။

ဟယ်ရှင်းချွမ်ဟာ လက်ထပ်ပြီးသွားကတည်းက၊ အပြင်လောကရဲ့ပြတင်းပေါက်ကြီးကို ပိတ်ထားလိုက်တယ်။
လောကကြီးမှာ လူအမျိုးအစားသုံးမျိုးပဲရှိတော့တယ်...ယောက်ျား မိန်းမ ထန်ကော။

ယန်ထန့်ကို အမြဲတစေဘလင်းဘလင်းထနေသော မျက်လုံးတောက်တောက်လေးများဖြင့် ထိုင်ကြည့်နေတတ်တယ်။

ကမ္ဘာပေါ်ကရှိသမျှလူတိုင်းနဲ့ မိတ်ဆက်ပေးချင်တာ!

ဒီအမျိုးသားကို ကြည့်စမ်းပါဦး!
ပိုက်ဆံရှိတယ်...ရုပ်ချောတယ်...ဘော်ဒီကလည်း အလန်းစားနော်!

အိုး...အဲ့အမျိုးသားက ငါ့ယောက်ျားလေ!

ဟယ်ရှင်းချွမ်ရဲ့လက်သူကြွယ်တထောင်ထောင်ကို မြင်နေရတာ...စန်းအာအတွက် နေ့စဉ်နီးပါးပါပဲ။

ယောက်ျားယူလိုက်ရတာကို ရုံးချုပ်တစ်ခုလုံးများ ပတ်ကြွားချင်နေသလားပဲ!

ကော်ဖီဖျော်ချိန်ဆို၊ လက်စွပ်ကိုချွတ်လိုက်သေးတယ်...'ငါ့လက်ထပ်လက်စွပ်လေး အပူလောင်မှာစိုးလို့' ဆိုပဲ!!!

အိပ်မက်ကမ္ဘာထဲက နိုးထစမ်းပါ! ရှေ့နေဟယ်!

ဟယ်ရှင်းချွမ်ကတော့ လူတွေရဲ့အမြင်ကိုဂရုမစိုက်ပါဘူး၊ ကိုယ်ပျော်ရွှင်ဖို့က အဓိကပဲလေ။

ရှေ့နေဖန်ကိုတောင် မျက်လုံးထဲဘဝင်ကျနေသလိုလို...အဲ့လောက်ထိကို ဟယ်ရှင်းချွမ်ဟာပျော်ရွှင်နေခဲ့တာပါ။

ရှေ့နေဖန်ဘေးနားမှာရပ်နေတဲ့ ယန်ထန့်ကိုမမြင်မိခင်အထိပေါ့။

ဟယ်ရှင်းချွမ်စိတ်ထဲကအချစ်ရေဒါဟာ အချက်ပေးသံကျယ်လောင်စွာမြည်တီးနေပါပြီ။

ထန်ကောနဲ့ ရှေ့နေဖန်။

ဘာရပ်လုပ်နေကျတာလဲ? ဘာတွေပြောနေတာလဲ?

ထန်ကောများ...ငါ့နောက်ကွယ်မှာ...မဖြစ်နိုင်ဘူး!

ယန်ထန်က သူ့ကိုအလုပ်တောင်ပေးဆင်းချင်တာမဟုတ်ဘူး၊ တနေကုန်ကော်နဲ့ကပ်ထားချင်နေတာ။

နောက်မီးလင်းဖို့ဆိုတာကြီးက ဝေးသေး။

သစ်ပင်အနောက်မှာကွယ်ရပ်ကာ၊ ဖြူလေးက သူ့ယောက်ျားကိုလှမ်းချောင်းနေတယ်။
စကားပြောနေရင်းနဲ့ကို၊ ယန်ထန့်ပုခုံးပေါ် လက်ပုတ်လိုက်တဲ့ဖန်ကျင်းဇီ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now