|47|

2.1K 417 26
                                    

[Unicode]

ညနေရောက်တော့၊ အဘွားယုက သူ့ကိုခေါ်တွေ့တယ်။ ယန်ထန်ကလည်း စကားနားထောင်စွာပဲသွားတွေ့လိုက်တယ်။
သူ့အဖေနောက်မိန်းမယူတာကို သဘောမကျပေမဲ့၊ ဒီအဘွားယုကိုတော့ သူသဘောကျသေးတယ်လေ။

အဘွားယုဟာ ခြံဝန်းထဲမှာထိုင်နေခဲ့ပြီး၊ သူမအရှေ့မှာတော့ ကစားစရာပစ္စည်းလေးတွေရှိနေတယ်။

ယန်ထန်က အနားလျှောက်သွားလိုက်ပြီး၊ ပစ္စည်းလေးတွေကိုမြင်တော့ မျက်ခုံးပင့်မိသွားတယ်
"ဒါတွေနဲ့ကစားနေတာလား?"

အဘွားယုကတော့ပြုံးပြတယ်
"အင်း အဘွားမြေးမလေးလာလည်ရင် ဒါနဲ့ဆော့မယ်လို့ပြောသွားတယ်လေ။ ဒါပေမဲ့ ဒီကစားနည်းရဲ့စည်းမျဉ်းတွေကခက်လိုက်တာ...သား အဘွားကိုသင်ပေးမလား?"

စားပွဲပေါ်မှာရှိနေတာက မိုနိုပိုလီကစားနည်းပါ၊ အန်စာတုံးနဲ့ အိမ်အသေးစားလေးတွေရောပဲ။

ဒီကစားနည်းကို ယန်ထန်သေချာကစားတတ်တယ်၊ အဲ့တော့ အဘွားယုကို စည်းကမ်းတွေစတင်ပြောပြလိုက်တယ်။

အသက်ကြီးသူနဲ့ အသက်ငယ်ရွယ်သူရဲ့ပျော်ရွှင်စရာ ညနေခင်းအချိန်ခါလေး။

"ပန်းတိုင်ရောက်ရင် နိုင်ပြီ၊ အဲ့လိုဟုတ်လား?"

ယန်ထန်က ခေါင်းညိတ်ပြလိုက်ကာ
"အဘွားယုက တော်တော်ကံကောင်းတာပဲ! မြေးမလေးနဲ့ကစားတဲ့အခါကျရင် အလျော့ပေးဖို့မမေ့နဲ့နော်။ တော်ကြာငိုသွားဦးမယ်!"

ယန်ထန့်စကားကြောင့် အဘွားယုဟာ သဘောတွေ့နေပုံပဲ၊ လက်ထဲကကတ်တွေကို စားပွဲပေါ်တင်လိုက်ပြီး
"သားအဖေနဲ့ ဟွေးအာတော့ အပြင်ထွက်သွားပြီ၊ မင်္ဂလာနှစ်ပတ်လည်ဆိုလားပဲ..."

ယန်ထန့်မျက်နှာပေါ်ရှိအပြုံးတွေဟာ အလိုလိုပျောက်ကွယ်သွားခဲ့တယ်။

"မင်္ဂလာဆောင်တုန်းက သားတက်လိုက်တယ်မလား?"

"ဟုတ်"

သူ့အဖေရဲ့မင်္ဂလာပွဲနေ့တုန်းက၊ ယုချင်နဲ့သူ့အမေဟာ ယန်ထန့်ကိုပါတက်စေချင်ခဲ့တာ။
ယန်ထန်ကတော့ လုံးဝမတက်ချင်ခဲ့ဘူး၊ ရလာဒ်အနေနဲ့ ကြိုးတုပ်ခံရပြီး မင်္ဂလာခန်းမဆီအပို့ခံလိုက်ရတယ်။
ပွဲတောက်လျောက်လုံး လက်နောက်ပြန်ကြိုးတုပ်ခံခဲ့ရပြီး၊ ရုန်းကန်မှုကြောင့် သွေးပါထွက်ခဲ့ရတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now