|86|

1.8K 336 6
                                    

[Unicode]

အန်ဂျလာဆီကို ဖုန်းဝင်လာခဲ့တယ်။

သူမရဲ့သားငယ်လေးဟာ ငိုယိုရင်းဂျီကျနေခဲ့တာ။
ကျောင်းမှာ၊ သူငယ်ချင်းများရဲ့စနောက်ခြင်းကို ခံရလို့ပါတဲ့။

"ဘေဘီ! မာမီက ခရစ်စမတ်နေ့ကျရင်ပြန်လာခဲ့မှာပါ၊ မာမီ့ကို ယုံကြည်ပေးလို့ရမလား?"

ဖုန်းချပြီးနောက်မှာ၊ အန်ဂျလာက သက်ပြင်းချတယ်။ သူမရဲ့သားငယ်လေးဟာ အရာရာမှာလိမ္မာပါတယ်၊ စိတ်ပျော့လွန်းတာလေးတစ်ခုကပဲ။

မိတ်ကပ်ပြင်ဆင်ပြီးတော့၊ အိတ်ကိုစတိုင်ကျကျ လက်တွင်ချိတ်ကာ...ရုံးခန်းအပြင်သို့ ထွက်လာခဲ့လိုက်တယ်။

မိန်းကလေးတစ်စုဟာ နားနေဆောင်ထဲမှာရပ်နေတဲ့ ယန်ထန်နဲ့ဟယ်ရှင်းချွမ်ကို၊ ခိုးခိုးကြည့်ရင်း တီးတိုးဆိုနေကျတယ်။

ယန်ထန်က တံခါးဘောင်ကိုမှီထားရင်း၊ သူ့အရှေ့ရှိ ဖိုင်တထပ်ကြီးနဲ့လူကို စကားလှမ်းပြောနေတယ်။
ယန်ထန်ရဲ့လန်နေတဲ့ကော်လာစကို ဟယ်ရှင်းချွမ်မြင်သွားတော့...လက်လေးဆန့်ထုတ်ကာ သေချာပြန်ပြင်ပေးနေလေရဲ့။

ချစ်သူနှစ်ဦးကြားက သာမန်အပြုအမူလေးတွေဟာ၊ အပြင်လူတွေရဲ့မျက်လုံးထဲမှာတော့ အဆတစ်ရာလောက်ပုံကြီးချဲ့ခံနေရလိမ့်မယ်။
ခွင့်မလွှတ်နိုင်လောက်တဲ့ အပြစ်ကြီးတစ်ခုအလား။

အန်ဂျလာမျက်နှာဟာ အေးစက်မှုများဖြင့်။
လက်လှမ်းပြတဲ့ဟယ်ရှင်းချွမ်ကို မြင်တော့၊ ကောင်ချောလေးနှစ်ယောက်အား ဘယ်ညာလက်တွဲကာ ရုံးခန်းဧရိယာထဲမှ အမြန်ခေါ်ထုတ်ရတော့တယ်။

"Go! ရှောင်လုံပေါင်းသွားစားကျမယ်!"

...

စာမေးပွဲနီးလာလေလေ၊ ဟယ်ရှင်းချွမ်တစ်ယောက် ဝင်ခွင့်ဖြေမုဒ်သို့ ပြန်ပြောင်းလာလေလေပဲ။
တနေကုန်အိမ်တွင်းအောင်းတယ်၊ အတန်းတွေလည်းမတက်တော့ဘူး။

စာကြည့်ခန်းဟာ ဖြူပိုင်နက်အဖြစ်တံဆိပ်ကပ်ခံလိုက်ရပြီ။ ယန်ထန်ရဲ့စာအုပ်တွေနဲ့ ကွန်ပျူတာကတော့ ဖုန်တောင်တင်နေရောပေါ့။

မှားဖြေမိတဲ့အဖြေလွှာကို စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေရပြန်တယ်။
ဒီနှစ်စာမေးပွဲက အတော်လေးခက်ခဲမဲ့ပုံပင်...သူတောင် အောင်ပါတော့မလား?

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now