|128|

1.7K 244 0
                                    

[Unicode]

ဂိမ်းကစားချိန်တိုင်းမှာ၊ ဟယ်ရှင်းချွမ်ရဲ့ကာရိုက်တာက Healerဖြစ်တယ်။
သူက အမြဲတစေယောက်ျားလေးကာရိုက်တာကိုပဲ သုံးလေ့ရှိတယ်၊ ယန်ထန့်ကာရိုက်တာနဲ့ယှဉ်တွဲလျက်ပေါ့။

အင်တာနက်ပေါ်မှာတော့ တစ်ချို့လူတွေက မကျေမနပ်ပြောစပြုလာကျပြီ၊ ဒီဂိမ်းက အဆင့်အတန်းမရှိဘူးတွေ ဘာတွေညာတွေ။

ဒီလိုစကားတွေမြင်ချိန်ဆို၊ ယန်ထန်ဟာ မျက်လုံးသာလှန်ကြည့်မိတော့တယ်။
ပြီးရင်တော့၊ ဟယ်ရှင်းချွမ်နဲ့အတူ လိုင်းပေါ်မှဆင်းတယ်။ သူ့ဖြူလေးက လုံးဝမှဂိမ်းမဆော့တတ်တဲ့ဟာ...သူလုပ်ချင်တာက သူ့ရဲ့ထန်ကောနဲ့အတူ လျှောက်ပတ်ကြည့်ဖို့လောက်ပဲ။
မြေအောက်ခန်း မစ်ရှင်တွေအကုန်လုံးကို ယန်ထန်တစ်ယောက်တည်းပဲဆော့နေရတယ်!

ထန်ကောမကျေနပ်ဘူး.jpg

...

ဝူကျင်းရဲ့ဟိုတယ်က နွေဦးရာသီကုန်ခါနီးလောက်မှ စတင်ဖွင့်လှစ်တယ်။
ဟိုတယ်က နန်ရှန်းတောင်မှာ၊ သူတို့တစ်အုပ်စုလုံး အတူသွားလည်ဖို့စီစဉ်ထားတယ်လေ။

ဒီခရီးရဲ့VIPလေးက ရှီချင်းချင်း။
ဖက်တီးကလည်း သူမအတွက် 'ကိုယ်ဝန်ဆောင်အမျိုးသမီး သီးသန့်ထိုင်ခုံ'ကို တပ်ဆင်ပေးတယ်။

ကားအတွင်းပိုင်းထဲမှာ၊ ရေမွှေးနံ့သင်းသင်းလေး ပျံ့လွင့်လို့နေတယ်။
ဟယ်ရှင်းချွမ်က သူ့ဖုန်းထုတ်ကာ၊ အပြင်ပတ်ဝန်းကျင်ရှုခင်းကို ဓာတ်ပုံရိုက်ယူတယ်။

ယန်ထန့်ဘက်ပါလှည့်လာပြီး
"ကော! ပြုံးပြဦး!"

ယန်ထန့်အပြုံးဟာ စိတ်မပါလက်မပါစတိုင်ဖြင့်။

"တကယ်တော့လေ၊ GIFလုပ်ဖို့ ဗီဒီယိုရိုက်လိုက်တာ"

"......"

ယန်ထန်ရဲ့ မဲခနဲဖြစ်သွားတဲ့မျက်နှာကြီးကို ကြည့်ရင်း၊ ဟယ်ရှင်းချွမ်ဟာ သဘောတကျရယ်မောတယ်။
ထို့နောက်မှာတော့၊ နည်းနည်းလေးတောင်စိတ်မခုဘဲ ထိုGIFကို Weiboပေါ်တင်လိုက်ပါတယ်။

ယန်ထန် သူ့ကိုပရိုပို့စ်လုပ်ပြီးကတည်းက၊ Weiboပေါ်ကလူတွေဟာ ဟယ်ရှင်းချွမ်ကိုသတိပြုမိကုန်ကျပြီ။
ပရိတ်သတ်တွေတောင် ရှိရင်ရှိနေဦးမှာ!

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now