|Extra 3|

1.9K 305 22
                                    

[Unicode]

အိမ်နဲ့မိသားစု။

အိမ်ဝယ်ဖို့ကိစ္စက၊ ယန်ထန် တရုတ်ကိုပြန်ရောက်ကတည်းက စီစဉ်ဖြစ်နေခဲ့တာ။

ပထမကတော့၊ အကြာကြီးငှါးနေလာခဲ့တဲ့ လက်ရှိတိုက်ခန်းကိုဝယ်မလို့ပါပဲ။
သို့သော်လည်း...အိမ်ပိုင်ရှင်က သူတို့ရဲ့ဒီတိုက်ခန်းအပေါ်ခင်တွယ်မှုကို ရိပ််မိသွားတယ်လေ။
စျေးနှုန်းကို ချက်ချင်းမြှင့်တင်လိုက်တယ်...အဆမတန် စျေးကြီးသွားတဲ့အထိပေါ့။

ယန်ထန်ဟာ အတော်လေးစိတ်ဆိုးသွားတယ်။
ဝူကျင်းကို ဖုန်းဆက်ခေါ်ပြီး၊ စာရင်းရှင်းဖို့တောင် စိတ်ကူးမိသေး။

အကျင့်ပျက် လောဘသမားတွေ။

ဖြစ်ချင်တော့၊ ဟယ်ရှင်းချွမ်ရဲ့ရုံးချုပ်အနီးနားမှာ တိုက်ခန်းအသစ်တွေဖွင့်လှစ်ထားတယ်။
ယန်ထန်က သေချာသွားစစ်ကြည့်တယ်...ပြီးတော့၊ ထိပ်ဆုံးအခန်းနှစ်ခန်းကို ဓာတ်ပုံရိုက်ယူခဲ့တယ်။

အိမ်ပြန်ရောက်တာနဲ့ ဟယ်ရှင်းချွမ်ဆီကပါ သဘောတူညီချက်ရရှိသွားပြီး၊ ထိုတိုက်ခန်းတွေကို ဝယ်ယူလိုက်တယ်။

ယန်ထန်က အတော်လေးသဘောကျနေတာ။
အရင်ငှါးနေခဲ့တဲ့တိုက်ခန်းက နှစ်ထပ်ပါတယ်၊ အခုလည်း ဖြူလေးအသားမကျမှာကို စိုးရိမ်မိတာကြောင့်...ယန်ထန်က အပေါ်အောက်နှစ်ထပ်ဝယ်လိုက်တာ။

အလယ်ကိုဖြိုချပြီး၊ အပေါ်ထပ်အတွက် လှေကားဆောက်မယ်။ သူတို့အိပ်ခန်းကို အပေါ်ထပ်မှာထားပြီး၊ ဝရန်တာကိုလည်း ကျယ်ကျယ်လေးထားဖို့ တွေးထားတယ်။ ပန်းမပွင့်တဲ့အပင်ငယ်လေးတွေပါ စိုက်ထားဦးမှာ။
အောက်ထပ်ရှိအခန်းတွေကတော့၊ ဟယ်ရှင်းလျန်တို့ လာနေချင်ရင်နေလို့ရအောင်ပေါ့။
ဧည့်သည်အခန်း၊ စာကြည့်ခန်းနဲ့ Gymပါထားမယ်။

အခန်းသေးလေးတစ်ခု ကျန်နေသေးတယ်။
ထိုအခန်းအတွက် အစီအစဉ်မရှိဘူး...ယန်ထန်ဟာ စဉ်းစားရခက်နေပါပြီ။

ဟယ်ရှင်းချွမ်က အမှုတွေနဲ့အလုပ်များနေရတာ...အိမ်အပြင်အဆင်ဘက် မလှည့်နိုင်ရှာဘူး။

ယန်ထန်ကတော့ အေးအေးဆေးဆေးပင်။
ကုမ္ပဏီကိစ္စတွေက၊ အန်ဂျလာ့လက်ထဲ အပ်ထားလို့ရနေပြီလေ။
အရေးကြီးအစည်းအဝေးတွေကလွဲရင်၊ ယန်ထန့်အချိန်အများစုက အိမ်အသစ်လေးဆီမှာ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now