|78|

1.8K 340 4
                                    

[Unicode]

နေ့လည်ခင်းရောက်ခါမှ၊ ယန်ထန်ဟာ ဆေးရုံကအစားအသောက်တွေနဲ့ ရောက်လာခဲ့တယ်။

ဆေးရုံအစားအသောက်တွေကိုမြင်တဲ့အဘွားက မျက်မှောင်ကြုတ်ပြတယ်
"ဘာအရောင်မှမပါတဲ့ အရည်ဟင်းတွေကို ဘယ်လိုစားရမှာလဲ!?"

"အဘွား၊ အခုမစားဘူးဆိုရင် အားမရှိဘဲနေလိမ့်မယ်။ အဲ့လိုဖြစ်မယ်ဆိုရင်၊ ထန်ကောက ဆေးရုံမှာအကြာကြီးနေခိုင်းဦးမှာ။ ဒီလိုဆို အိမ်ကအလုပ်တွေကို ဘယ်လိုလုပ်မလဲ?"
အဘွားခြေထောက်တွေကို နှိပ်ပေးနေတဲ့ဟယ်ရှင်းချွမ်က၊ လေသံနူးနူးညံ့ညံ့လေးနဲ့ နားချလာတယ်။

ထိုအခါမှပဲ၊ အဘွားက စားဖို့သဘောတူတယ်။

သူမရဲ့စားချင်စိတ်က တဖြည်းဖြည်းနည်းလာခဲ့တာ။
ဆေးရုံရောက်ခါစက စားသေးပေမဲ့၊ နောက်တော့ လျော့ကျသွားခဲ့တယ်။
လည်ချောင်းထဲမှာ တစ်ခုခုဆို့နေသလိုပဲ...အစာတွေမြိုမချနိုင်ဘူးလို့ ပြောတယ်။

တစ်ဝက်လောက်စားပြီးချိန်မှာတော့၊ 'ထပ်မစားနိုင်တော့ဘူး' တဲ့။

ဟယ်ရှင်းချွမ်က လိမ္မော်သီးတွေကိုခွါပေးနေတယ်
"အဘွား၊ လိမ္မော်သီးစားဦး။ ဆေးတွေသွင်းထားရလို့ ခါးနေတယ်မလား? ချိုတာလေးစားပေးနော်"

"အိုး! ဒီလိမ္မော်သီးက တော်တော်ချိုတာပဲ!"

"ဟုတ်တယ်မလား? ကျွန်တော် အကြာကြီးရွေးလာရတာလေ"

ဟယ်ရှင်းချွမ်ပြုံးတဲ့အခါမှာ၊ သွားစွယ်လေးတွေပေါ်ပေါ်လာတတ်တယ်။ အလိုလိုပဲ တစ်ဖက်လှည့်မိကာ၊ ယန်ထန့်ကိုပါ လိမ္မော်သီးကမ်းပေးလိုက်တယ်
"ထန်ကော၊ မြည်းကြည့်။ ငါသေချာရွေးထားတာ..."

စကားမဆုံးခင်မှာပဲ၊ ဟယ်ရှင်းချွမ်ဟာ တစ်မျိုးကြီးဖြစ်နေသလို ခံစားမိသွားတယ်။ လက်ပြန်ရုတ်ဖို့ကြိုးစားလိုက်ပေမဲ့...ယန်ထန်က ယူတောင်စားပြီးသွားပြီ။

အထက်တန်းတက်တုန်းက၊ အဘွားပို့လိုက်တဲ့ မက်မန်းသီးတွေကိုပြေးသတိရမိတယ်။

ယန်ထန်က အမြဲသေးတာတွေပဲရွေးစားတယ်၊ သူ့ကိုကျတော့ အလုံးကြီးကြီးနီနီရဲရဲတွေပဲ ပေးတတ်တယ်။
အဲ့နှစ်တုန်းက၊ ချိုတဲ့အလုံးအနည်းငယ်ပဲ ပါလာခဲ့တာ။ ချဉ်သမျှအလုံးတွေဟာ ယန်ထန့်ဗိုက်ထဲပဲ ရောက်သွားပုံပင်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now