|70|

2K 345 16
                                    

[Unicode]

ဟယ်ရှင်းချွမ်နဲ့ ယန်ထန်ဟာ အိမ်ပြန်ရောက်ခဲ့တယ်။

ဒီအိမ်လေးကိုငှါးဖြစ်ခဲ့တာ ၅နှစ်တောင်ရှိသွားခဲ့ပြီ။
ယန်ထန်က ဒီအိမ်ကိုဝယ်ယူဖို့ဆုံးဖြတ်လိုက်ပြီး၊ နောက်နေ့မှာပဲ အိမ်ရှင်နဲ့ဆွေးနွေးကြည့်တယ်။

စျေးနှုန်းကိုတော့ အခုထိညှိမရသေးဘူး။

"ထန်ကော၊ ဘာလို့ အခုချက်ချင်းကြီးအိမ်ဝယ်မှာလဲ။ ငါမှပိုက်ဆံအများကြီးမရှာနိုင်သေးတာ!"

ဟယ်ရှင်းချွမ်ပေါင်ပေါ်လှဲနေတဲ့ ယန်ထန်က
"မင်းရဲ့ပိုက်ဆံက ငါမိန်းမယူတဲ့အခါကျရင် အိမ်ဝယ်ဖို့၊ ငါ့ရဲ့ပိုက်ဆံကလည်း ငါမိန်းမယူတဲ့အခါ အိမ်ဝယ်ဖို့ပဲ။ သဘောပေါက်လား?"

ဟယ်ရှင်းချွမ်က ယန်ထန့်မျက်နှာကိုငုံ့ကြည့်တယ်
"ဘယ်သူက မင်းမိန်းမလဲ!? ငါတို့က...အပေါ်အောက်မသေချာသေးတဲ့ဟာကိုများ..."

"မသေချာဘူး? မင်းက ငါ့အပေါ်နေနိုင်လို့လား?"

"ရန်မဖြစ်တတ်ပေမဲ့၊ ဉာဏ်ကောင်းပါတယ်နော်!"

"အပေါ်မှာနေဖို့က ခေါင်းလိုတာလား?"

"မသိဘူး!!! ထန်ကောကိုလုပ်ချင်တာပဲ သိတယ်!"

"ဟေး! မင်း!—"

နှစ်ယောက်သား အချေအတင်ဖြစ်နေချိန်မှာပဲ၊ ယန်ထန့်ဖုန်းက မြည်လာခဲ့တယ်။
ယန်ထန်က သူ့ဖုန်းကိုလှမ်းယူနေတယ်၊ ဟယ်ရှင်းချွမ်ကတော့ အခွင့်အရေးရတုန်းလေး ယန်ထန့်တင်ပါးကို ဆွဲဆိတ်လာလေရဲ့။
ထို့နောက်၊ လျှပ်စီးလိုအရှိန်နဲ့ အခင်းဖြစ်ပွါးရာနေရာမှ ထွက်ပြေးသွားတယ်။

ယန်ထန်ကတော့ ရယ်မောလျက်ပင်၊ ဖုန်းကို ဖြေကြားလိုက်ကာ
"ဟယ်လို"

"ထန်ထန်! ပြန်ရောက်နေပြီမလား? မနက်ဖြန် အိမ်မှာညစာလာစားဦး၊ အဖေပြောစရာရှိတယ်"

"အဖေ၊ ကျွန်တော် မနက်ဖြန်မအားဘူး။ အရေးကြီးပြောစရာရှိရင် အခုပြောလေ"

"...ဘာတွေအလုပ်ရှုပ်နေလို့၊ ကိုယ့်အဖေနဲ့ညစာစားဖို့တောင် အချိန်မပေးနိုင်ရတာလဲ?"

"ယုချင်က အလုပ်မများဘူးလေ၊ သူနဲ့စားပါလား"

"......"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now