[Unicode]
ယန်ထန်က ရေချိုးခန်းထဲမှာရေချိုးနေခဲ့တယ်။
ဒီလင်ချန်းမြို့က သူတို့နေတဲ့နေရာထက်ပိုအေးတယ်။ စက်တင်ဘာလပဲရှိသေးသော်လည်း၊ ရိုက်ခတ်လာတဲ့အအေးဒဏ်ဟာ မျက်နှာကိုတောင် နာကျင်စေနိုင်တယ်။ပူနွေးတဲ့ရေဟာ၊ သူ့ခန္ဓာကိုယ်နဲ့စိတ်ကို ထိုင်းမှိုင်းစေသလိုလိုပင်။
သူအဝေးထွက်သွားမိတာ ၂နှစ်။
ထိုအမျိုးသားက သူ့ကို၂နှစ်ကျော်နီးပါး စောင့်နေခဲ့ရတာ။
မျက်နှာပေါ်ကရေစက်တွေကို သုတ်နေတုန်းမှာပဲ၊ ရေချိုးခန်းထဲ တစ်စုံတစ်ယောက်ဝင်လာခဲ့တယ်။
ယန်ထန်က မလှုပ်မယှက်ရပ်နေတုန်းပင်...အနောက်မှသိုင်းဖက်လာတဲ့ လက်တစ်စုံ။စီးကျနေတဲ့ရေကို လှမ်းပိတ်လိုက်တော့၊ ထိုလူသားရဲ့အသံတုန်တုန်လေး
"ထန်ကော...ငါနားလည်တဲ့အရာတွေက မများပါဘူး...ငါမသိဘူး...ဒါပေမဲ့...ဒါပေမဲ့ ကောငါ့ကိုသင်ပေးပါ...ငါကြိုးစားပါ့မယ်...ကောစိတ်တိုင်းကျတဲ့အထိ...ငါ့ကို လျစ်လျူမရှုလိုက်ပါနဲ့..."သူချစ်ရတဲ့ဖြူလေး...ဘယ်လောက်ပဲ ဝမ်းနည်းရပါစေ၊ ဖြူဆူးတွေကို ယန်ထန့်ဘက်ဦးတည်လာမှာ မဟုတ်ဘူး။
ဒဏ်ရာရရင်တောင်မှ၊ နူးညံ့တဲ့ဝမ်းဗိုက်သားလေးကို ပက်လက်လှန်ပြနေဦးမှာပဲ။ ထပ်ခါထပ်ခါ...နာကျင်ရရင်တောင်မှ။
ယန်ထန်က တစ်ဖက်လှည့်လိုက်တယ်၊ ဖြူလေးခါးကို လှမ်းဖက်လိုက်ပြီး။
သူ့ကိုယ်ကိုကပ်တွယ်ထားတာကြောင့်၊ ဟယ်ရှင်းချွမ်ရဲ့ရှပ်အင်္ကျီဟာ စိုစွတ်နေခဲ့တယ်။
ဆွဲဆောင်အားကောင်းလွန်းတဲ့ ကောက်ကြောင်းတွေကိုတောင် မြင်နိုင်တယ်။ဟယ်ရှင်းချွမ်မျက်လုံးတွေက နီရဲနေခဲ့တယ်၊ သို့သော်လည်း သူကမငိုပါဘူး။
ယန်ထန်က ဟယ်ရှင်းချွမ်ကို နံရံမှာဖိကပ်လို့ထားတယ်။ အေးလွန်းတဲ့ရာသီဥတုရယ်...အေးစက်စက်နံရံသားရယ်...ဟယ်ရှင်းချွမ်ဟာ ခိုက်ခိုက်တုန်နေခဲ့ပြီ။
ယန်ထန်က အထိမခံသောရှပ်အင်္ကျီပါးလေးကို၊ ဆွဲချွတ်လိုက်တယ်။ တလတ်စတည်းမှာပဲ၊ ရေပူခလုတ်ကိုပါ လှမ်းနှိပ်လိုက်တယ်။
ကျလာတဲ့ရေပူနွေးနွေးဟာ ဟယ်ရှင်းချွမ်ဆံပင်တွေကို စိုရွှဲသွားစေတယ်။
YOU ARE READING
Hedgehog And Tiger [Myanmar Translation]
RomanceTitle-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from Google translate.So pls forgive me if I have any mistakes!