|104|

1.6K 270 3
                                    

[Unicode]

ယန်ထန်ငှါးနေခဲ့တဲ့အခန်းငယ်ဟာ ပစ္စည်းတွေဖယ်ရှားပြီးချိန်မှာတော့၊ သာမန် ရှင်းရှင်းလင်းလင်းအခန်းတစ်ခုကဲ့သို့သာ။

ဟယ်ရှင်းချွမ်ဟာ အိပ်ရာခင်းမရှိတဲ့အိပ်ရာပေါ် လှဲလျောင်းရင်း၊ အပြာနုရောင်မျက်နှာကြက်ကို ငေးမောနေမိတယ်။
"ကော...ဒီလိုမျိုးလှဲနေချိန်ဆို ငါ့ကိုသတိရလား?"

လက်ကျန်ပစ္စည်းအနည်းငယ်ကို မွှေနှောက်နေတဲ့ယန်ထန်က အံ့ဩသွားရပါတယ်။
ဝရန်တာဆီသို့ လျှောက်သွားလိုက်ပြီး
"ဒီနေရာမှာ လေအေးတယ်"

ဟယ်ရှင်းချွမ်ကလည်း အမြန်ထွက်လာတယ်။

ဝရန်တာဟာ လေးလမ်းဆုံလမ်းမဘက်ကို မျက်နှာမူထားခဲ့တာ။ သူတို့နှစ်ယောက် တာကိုမုန့်ဝယ်ခဲ့တဲ့ဆိုင်ကိုတောင် လှမ်းတွေ့နေရတယ်။

ည၈နာရီရှိနေပြီ။
လမ်းမထက်မှာ၊ လူသူကင်းမဲ့လုနီးပါးပင်။
နိုင်ငံခြားတိုင်းပြည်တွေရဲ့ ညချမ်းအချိန်အခါဟာ၊ ဘေးအန္တရာယ်ကင်းလှတယ်တော့ မဟုတ်ပါဘူး။
အဲ့တော့၊ လူတိုင်းက အိမ်သို့အမြန်ပြန်ကျတယ်။

ဖြူလေးရဲ့မျက်လုံးတောက်တောက်လေးတွေ။
ယန်ထန်က ဟယ်ရှင်းချွမ်ခါးလေးကိုဖက်လိုက်တယ်
"ဝရန်တာထွက်ပြီး လေအေးအေးတွေကိုခံစားမယ်...အဲ့လိုမှမဟုတ်ရင် အနီးဆုံးလက်မှတ်ထွက်ဝယ်ပြီး၊ မင်းဆီကို ပြေးလာမိမယ်ထင်တာပဲ"

ဟယ်ရှင်းချွမ်က ပြုံးတယ်...အချိုမြိန်ဆုံးလေး။

မကြာသေးခင်ကပဲ၊ အဆောက်အဦးရဲ့အနီးပတ်ဝန်းကျင်မှာ ဓားပြတိုက်မှုဖြစ်ထားတယ်။
ဂျေက စိုးရိမ်တကြီးပြောပြလာခဲ့တာ။
စိတ်မချရတာကြောင့်၊ ယန်ထန်နဲ့ ဟယ်ရှင်းချွမ်ကို ဟိုတယ်ဆီသို့ပြန်မလွှတ်နိုင်ပါဘူးတဲ့။

ယန်ထန်က စောင်အပိုတွေနဲ့ အိပ်ရာခင်းနေတယ်။
ရေချိုးပြီးခါစဟယ်ရှင်းချွမ်ကတော့ ဆိုဖာပေါ်မှာကွေးနေပြီး၊ အိပ်ချင်မူးတူးလေးဖြစ်နေလေရဲ့။

ဂျေက သူ့ရဲ့ရွှေအိုရောင်ခွေးကြီးကိုဖက်ထားကာ
"ညလယ်စာ! စားဦးမလား?"

နွားနို့ရောထားတဲ့Cerealပန်းကန်ကို မြင်တော့၊ ဟယ်ရှင်းချွမ်ဟာ အိမ်မှအသားကင်တွေကိုပဲ ပြေးသတိရမိတယ်။
ဂျေကို ခေါင်းခါပြလိုက်ပြီး
"မစားတော့ဘူး"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now