|Extra 5|

1.7K 273 15
                                    

[Unicode]

ချစ်ခြင်းတရားနဲ့မေတ္တာတရား။

ယုတုန်က အလယ်တန်းစတက်နေရပြီ။
ကျီကျီ့မူကြိုကျောင်းက ယုတုန်ရဲ့အလယ်တန်းကျောင်းနဲ့ လမ်းကြောင်းတူညီတယ်။
အလုပ်များနေတဲ့အန်ဂျလာက ယုတုန်ကိုကျီကျီနဲ့ပဲ ထည့်ပေးလေ့ရှိတယ်။

ရှီချင်းချင်းဟာ ကျီကျီ့ကိုမနက်စာကျွေးနေတုန်း...တံခါးခေါက်သံကိုကြားလိုက်ရတယ်။

"တုန်တုန် စောလှချည်လား? မနက်စာရော စားပြီးသွားပြီလား?"

ယုတုန်က ပြုံးပြကာ
"သား ကိတ်မုန့်နဲ့နွားနို့ဝယ်လာခဲ့တယ်"

"ကျီကျီရေ၊ ကိုကိုတုန်က သားကိုကျောင်းသွားဖို့လာခေါ်နေပြီနော်!"

'ယုတုန်'နာမည်ကိုကြားတာနဲ့၊ ကျီကျီဟာ ထမင်းစားစားပွဲမှ အမြန်ထပြေးလာပါတယ်။
စားပွဲပေါ်တင်ထားခဲ့တဲ့ ကြက်ဥပြုတ်လေးကိုလည်း သူ့လွယ်အိတ်ထဲထည့်လိုက်သေး။

ရှီချင်းချင်းက ကလေးနှစ်ယောက်ကို ပါးပြင်အပေါ်အနမ်းပေးတယ်။ ထို့နောက်မှာတော့၊ သူမရဲ့အလုပ်ဆီပြေးရလေရဲ့။

မူကြိုကျောင်းနဲ့အလယ်တန်းကျောင်းက သူတို့အိမ်မှနေမဝေးပါဘူး။ လျှောက်လမ်းဟာ ကျယ်ပြန့်ပြီး၊ ကားလမ်းဖြတ်ကူးဖို့လည်း မလိုအပ်ဘူး။
ရှီချင်းချင်းက ကလေးနှစ်ယောက်ကို စိတ်ချလက်ချလွှတ်ပေးလိုက်နိုင်ပါတယ်။
ယုတုန်ကတော့...ယန်ထန်နဲ့အနေများသွားလို့ဖြစ်ရမယ်၊ လုံးဝကို အကြောက်အလန့်မရှိတော့တာမျိုး။

"ကိုကိုတုန်!"
ကျီကျီက မူကြိုကျောင်းရဲ့အဝင်ဝမှာရပ်လျက်၊ လွယ်အိတ်ထဲမှကြက်ဥပြုတ်ကို ထုတ်ယူတယ်။
ယုတုန်လက်ထဲ ထည့်ပေးကာ၊ မမှီ့တမှီခြေဖျားလေးထောက်ရင်း ယုတုန်ပါးကိုလှမ်းနမ်းတယ်။
"လမ်းမှာ ဂရုစိုက်နော်၊ ကျီကျီ့ကို နေ့လည်ကျရင်လာကြိုပေးဦး။ ကျီကျီရှေ့ကို လာနော်၊ ကိုကိုတုန့်ကိုမမြင်ရဘဲနေလိမ့်မယ်...ကျီကျီက အရပ်ပုလို့!"

"အင်းပါ"

ယုတုန်ဟာလည်း သူ့ရဲ့ကျောင်းဆီလျှောက်လာခဲ့တယ်။

ယုတုန်က ရွယ်တူကလေးတွေထက်အရပ်ပုတယ်။
သူက ကပြားဟာကို...သူ့အမေရဲ့အရပ်ရှည်မျိုးရိုးကို မဆက်ခံနိုင်ခဲ့ဘူးဖြစ်ရမယ်။
သူ့ပုံစံက အဖိုးတန်ကျောက်စိမ်းလေးအလားပင်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now