|87|

1.6K 323 18
                                    

[Unicode]

စာမေးပွဲဖြေထားသည် ဆိုသော်လည်း၊ ကျောင်းကတော့ အရှိန်မပြတ်လည်ပတ်နေဆဲပင်။
ကံကောင်းထောက်မစွာပဲ၊ ဟယ်ရှင်းချွမ်တို့နှစ်တွေမှာ အတန်းမရှိတော့ဘူး။

ဝူကျင်းတို့နဲ့ ညစာစားပြီး၊ အိမ်ပြန်ရောက်လာတော့...အိပ်ရာပေါ်မှာ ယန်ထန့်ကိုဆက်လက်သုံးဆောင်ပါတော့တယ်။

ဒီတစ်ခါမှာတော့ မြန်မြန်ဆန်ဆန်မပြီးတော့ဘူး!!!

အရာရာက အဆင်ပြေပါတယ်...ထန်ကော သူ့ကို၊ အိပ်ရာပေါ်မှ ကန်မချခင်ကာလလေးအထိပေါ့။

ကန်ချခံရတဲ့ဖြူလေးဟာ ဝမ်းနည်းပက်လက်တွေးတောနေမိတယ်...နောက်တစ်ခါကျရင်၊ ထန်ကောကို နူးနူးညံ့ညံ့လေးဆက်ဆံသင့်တယ်!

အတွေ့အကြုံရသွားတဲ့ရုပ်လေးဖြင့်၊ အိပ်ရာပေါ် တိတ်တိတ်လေးပြန်တက်လာတယ်။
ထို့နောက်မှာတော့၊ ယန်ထန့်ကိုယ်ထဲကို ပြန်လည်ဝင်ရောက်ပါတော့တယ်။

နတ်ပြည်ဆိုတာ ဒီလိုခံစားချက်မျိုးများလား~~~

...

ဖုန်းမြည်သံ။

ဖုန်းသံကြောင့်၊ ယန်ထန်က ဟယ်ရှင်းချွမ်ကိုလှုပ်နှိုးလိုက်တယ်။ ဟယ်ရှင်းချွမ်ဟာ အိပ်ချင်နေတုန်းပင်။

ပြန်အိပ်ပျော်သွားတဲ့ထန်ကောမျက်နှာဟာ မျက်ကွင်းတွေညိုမဲလို့။
သေလောက်အောင်သောက်ထားပြီး၊ ဖြူရဲ့သေလောက်အောင်တိုက်ခိုက်ခြင်းကိုပါ ခံရသေးတယ်။

ဖုန်းနားထောင်နေတဲ့ဟယ်ရှင်းချွမ်ဟာ ယန်ထန်ရဲ့ပုခုံးသားပေါ် အနမ်းငုံ့ခြွေမိတယ်။
နမ်းရာ ကိုက်ရာတွေမှအများကြီးပါလား။
တကယ်တော့...မနေ့ညက သူအတော်လွန်သွားတာ၊ ထန်ကောက သူ့ကိုချစ်လို့သာတော်သေးတာပေါ့!

ဖုန်းတစ်ဖက်ခြမ်းကတော့ စကားပြောနေတုန်းပင်။

"...နားထောင်နေသေးရဲ့လား?"

"ဟမ်? နားထောင်နေပါတယ် ဆရာ"

တိတ်ဆိတ်မှုအနည်းငယ်၊ ထို့နောက် သက်ပြင်းချသံတစ်ချက်။
"ကျောင်းကိုသာ အရင်ဆုံးလာခဲ့ဦး။ အဲ့ကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့၊ ကြိုးစားပေးနေပါတယ်"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now