|44|

2.2K 421 12
                                    

[Unicode]

ဟော့ပေါ့က တကယ်ကိုစပ်တယ်။
ယန်ထန့်နှာခေါင်းထိပ်မှာတောင် ချွေးစက်တွေတွဲလွဲခိုနေသလိုပဲ။
စားသောက်ပြီးချိန်မှာ၊ ဟယ်ရှင်းချွမ်အတင်းတိုက်တဲ့ချင်းပြုတ်ရည်ကို ကြိတ်မှိတ်သောက်ရသေးတယ်။

ပိုက်ဆံတွေကုန်ချင်သလောက်ကုန်စမ်းပါစေ!
ဒီချင်းပင်တွေမျိုးသုဉ်းသွားစေဖို့ ဓာတ်ခွဲခန်းတစ်ခုတောင်ဆောက်လိုက်ချင်သေး!

"ရှင်းချွမ်၊ ငါခဏလမ်းလျှောက်ထွက်ဦးမယ်! ပြန်လာခဲ့မယ်နော်"

မီးဖိုခန်းထဲ ပန်းကန်ဆေးနေတဲ့ဟယ်ရှင်းချွမ်က
"အဝတ်အထူထူဝတ်သွားအုံး! အအေးမမိစေနဲ့!"

အဝတ်ဗီရိုထဲက အနွေးထည်တစ်ထည်ကောက်ဝတ်လိုက်ပြီး၊ အိမ်ပြင်ထွက်လာခဲ့လိုက်တယ်။

ဟယ်ရှင်းချွမ်နဲ့ ပြဿနာတတ်တဲ့ကောင်လေးနာမည်က ချီထင်။
သူ့အဆင့်ကတော့ တစ်ကျောင်းလုံးမှာဒုတိယ၊ ဟယ်ရှင်းချွမ်ရဲ့ပထမနေရာကို စိတ်အလိုမကျဖြစ်ခဲ့ရမှာပဲ။

ကောင်မလေးကိုအိမ်ပြန်လိုက်ပို့ပြီး ပြန်လာချိန်မှာ၊ ချီထင်ဟာ သူ့အိမ်ရှေ့မှာရပ်စောင့်နေပုံရတဲ့အရပ်ရှည်ရှည်ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။

သေချာအာရုံစိုက်ကြည့်လိုက်ပေမဲ့ ဘယ်သူမှန်းမမြင်ရသေးဘူး။
ခန္ဓာကိုယ်အချိုးအစားက သူတို့အတန်းခေါင်းဆောင်နဲ့ဆင်တယ်၊ ဒါပေမဲ့ ပိုသန်မာပုံပေါ်နေသလိုပဲ?

အဲ့တော့ ချီထင်ကသတ္တိမွေးလိုက်ကာ
"အတန်းခေါင်းဆောင်! ငါ့ကိုပြဿနာလာရှာတာလား?"

ပုံရိပ်ဟာ ခြေတံရှည်ရှည်တွေကိုမြှောက်ပြီး၊ ဘေးနားရှိနံရံကိုအရှိန်ပြင်းစွာကန်တယ်။
တောက်ပလာတဲ့မီးအလင်းရောင်အောက်မှာ လူငယ်ရဲ့မျက်နှာကို သဲကွဲစွာမြင်လိုက်ရတယ်။

"မင်းကိုပြောပြမလို့၊ ဟယ်ရှင်းချွမ်က မနေ့ကတစ်နေ့လုံးငါနဲ့ပဲအတူရှိနေခဲ့တာ။ ပြီးတော့ ကျောင်းအုပ်ကြီးရဲ့မိန့်ခွန်းနေရာဆီတန်းသွားခဲ့တယ်။ မင်းရဲ့အချစ်ရေးရာတွေမှာ စိတ်ဝင်စားဖို့အချိန်မရှိဘူး"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now