♥️ Description ♥️

56K 881 46
                                    

''Extraordinary Marriage ´´

Description

မိဘတွေဆုံးပါးသွားပြီးထဲက အဖိုးဖြစ်သူရဲ့ တင်းကျပ်လွန်းတဲ့ စည်းကမ်းတွေကြားမှာ ရှင်သန်ခဲ့ရတဲ့ 'ရှင်မွေ့ဖြူ´ ဆိုတဲ့ မိန်းကလေး။

Dream Production ရဲ့ CEO စက်မဟာတည်နဲ့ လက်ထပ်ရမယ်ဆိုတဲ့ အဖိုးဖြစ်သူရဲ့ အမိန့်ကို တသွေမသိမ်း နာခံခဲ့ရပြီး လောင်းရိပ်ကျတဲ့ အိမ်ထောင်ရေးထဲ ပိတ်မိခဲ့ရသူ ။ ချစ်ခင်စုံမက်မှုမရှိဘဲ အိပ်ဖော်အိပ်ဖက်သာသာ သဘောထားခဲ့တဲ့ ခင်ပွန်းဖြစ်သူရဲ့ အေးစက်မှုတွေကြားမှာ ရင်သွေး၃ယောက် ပိုင်ဆိုင်ခဲ့ရတဲ့ သူမအဖြစ်က ဆုပ်လဲစူး စားလဲရူးပင်။

အ​ဖေဖြစ်သူ အလိုလိုက်ထား၍ ကမ်းကုန်အောင် ဆိုးသွမ်းပြီး သူမရဲ့ တည်ရှိမှုကို နည်းနည်းလေးတောင် ဂရုမစိုက်၊ ရိုသေခြင်းအလျင်းမရှိတဲ့ သား ၃ယောက်နဲ့ သူမကမ္ဘာဟာ မှောင်မိုက်သည်ထက် ပိုပြီး မှောင်မိုက်လာခဲ့ရသည်။

"ငါစီစဥ်ပေးတဲ့ အိမ်ထောင်ရေးကို နင်ဘာမှအထွန့်တက်ပိုင်ခွင့်မရှိဘူး ရှင်မွေ့ဖြူ " ဟုပြောခဲ့တဲ့ သူမအဖိုး၊

"အရေးမပါတဲ့ကိစ္စတွေနဲ့ ငါ့ကိုအာရုံနောက်အောင်လာမလုပ်နဲ့ ရှင်မွေ့ဖြူ ... မီးခံသေတ္တာထဲမှာ ငါ ငွေဖြည့်ပေးထားတာပဲ ... ငါ့သားကြောင့် နစ်နာသွားတယ်ဆိုတဲ့ အဲ့ဒီမိသားစုကို ငွေပေးပြီးသာ ဖြေရှင်းလိုက်... သူ့အလိုလို အဆင်ပြေသွားလိမ့်မယ်" ဟုပြီးစလွယ် ပြောခဲ့သည့် သူမခင်ပွန်း စက်မဟာတည်၊

"ကျွန်တော့်ဘာသာ ဘယ်သူနဲ့ပေါင်းပေါင်း မာမီ့အပူဘာပါလဲ... ကျွန်တော့်လမ်းမှာ ၀င်မရှုပ်နဲ့ ... ကျွန်တော်မကြိုက်ဘူး" ဟုဆိုခဲ့ပြီး ဆယ်ကျော်သက်အရွယ်ဆေးသမားလေးတွေနဲ့အပေါင်းအသင်းလုပ်ဖို့ခုံမင်နေတဲ့ 12နှစ်အရွယ် သူမသားကြီး ကောင်းစက်မဟာ၊

"ဒယ်ဒီက မာမီ့ကို ငွေတွေအများကြီး ပေးထားတာပဲ .... အဲ့ငွေတွေနဲ့ သား​ထိုးလိုက်တဲ့ ဆင်းရဲသားကောင်ကို ပြန်လျော်ပေးလိုက်ပေါ့ .... အဲ့ဆင်းရဲသားကောင်မိသားစုက ငွေရသွားရင် ပါးစပ်ပိတ်သွားကြမှာ.... သားဘက်က ပြန်တောင်းပန်စရာမလိုဘူး .....သားကို တောင်းပန်ဖို့ မာမီထပ်ပြောမယ်ဆိုရင် မာမီ့ကို ဒယ်ဒီနဲ့ သွားတိုင်ပြောမှာ "
ဆိုတဲ့ လူရမ်းကားလေး 8 နှစ်အရွယ် သူမသားလတ် မင်းစက်မဟာ။

♥️ Extraordinary Marriage ♥️Where stories live. Discover now