♥️ အပိုင်း 70 ♥️

7K 458 10
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 70 ♥️

ကောင်းစက် လူခေါ် Bell လေးကို နှိပ်ပြီး ခဏအကြာမှာပဲ ဖောင်းဖောင်းရဲ့ အမေ အန်တီသိမ့်က ခြံတံခါးကို လာဖွင့်ပေးသည်။

"ဪ သားပါလား....."

"ဟုတ် အန်တီ .... ဒီနေ့ သားတို့အိမ်မှာ ရှမ်းခေါက်ဆွဲလုပ်စားဖြစ်လို့ မာမီက လာပို့ခိုင်းလို့ပါ....."

"အခုလို လာပို့တာ ကျေးဇူးအများကြီးတင်ပါတယ်သားရယ်..... အိမ်ထဲ၀င်ဦးလေ သား ..... "

အန်တီသိမ့်က သူ့ဆီမှ ချိုင့်ကို ယူပြီး အိမ်ထဲ၀င်ဖို့ခေါ်တော့ ကောင်းစက် ခေါင်းလေးငြိမ့်ပြကာ အိမ်ထဲ၀င်လိုက်သည်။

"သားသူငယ်ချင်းကတော့ အခုထိ အိပ်တုန်းပဲ သားရေ ..... "

"ဟုတ်အန်တီ "

ဖောင်းဖောင်း ခေါ် ယွန်း၀တီခေတ်ရဲ့ အကြောင်းကို ပြောပြနေတာကြောင့် ကောင်းစက် ခေါင်းလေးပဲ ငြိမ့်လိုက်သည်။

"သား ဒီမှာ ခဏထိုင်ဦးနော်..... အန်တီ ချိုင့်လေး သွားလှယ်လိုက်ဦးမယ်....."

"ဟုတ်အန်တီ "

အန်တီသိမ့် ညွှန်ပြတဲ့ Sofa မှာ ကောင်းစက် ၀င်ထိုင်လိုက်ပြီး အိမ်ထဲကို တစ်ချက်မျက်လုံးဝေ့ကာ ကြည့်လိုက်သည်။

အန်တီသိမ့်ကတော့ ချိုင့်လှယ်ဖို့ဆိုပြီး မီးဖိုချောင်ထဲကို ၀င်သွားသည်။

ထို့နောက် ဘာရယ်မဟုတ် showcase ပေါ်မှာရှိနေသည့် ဓာတ်ပုံလေးတွေဆီ ကောင်းစက် အ​ကြည့်ရောက်သွားတော့ ထိုင်နေရာမှ ထကာ ကြည့်လိုက်မိသည်။

ပထမဆုံးပုံလေးက မွေ့ယာပေါ်မှာ ကိုယ်တုံးလုံးလေးနဲ့ ၀မ်းလျားလေးထိုးနေတဲ့ ကလေး ၁ယောက်ရဲ့ ပုံဖြစ်သည်။

ကလေးလေးက ဖင်တုံးလုံးလေးနဲ့ ချစ်စရာလေးမို့ ကောင်းစက် ပြုံးလိုက်မိပြီး တစ်ဆက်ထဲမှာပဲ ဒီကလေးလေးက ဖောင်းဖောင်းများလားဟု တွေးမိသွားရသည်။

အန်တီသိမ့်တို့ဆီမှာ ဖောင်းဖောင်းကလွဲပြီး တခြားကလေးမရှိတာကို စဥ်းစားမိသွားတဲ့ အချိန်မှာတော့ ကောင်းစက်ချက်ချင်းပဲ အကြည့်ကို လွှဲလိုက်မိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now