♥️ အပိုင်း 12 ♥️

17.1K 832 32
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 12 ♥️

အောက်ထပ်မှာ ကောင်းစက်က သူ့ညီတွေနဲ့ အတူရှိနေတုန်းမှာ စက် သူမနဲ့အတူ သားကြီးရဲ့ အခန်းထဲကို ၀င်ဖို့လုပ်ရသည်။

"မင်းစက်က အံ့ဆွဲရဲ့ အောက်ဆုံးထပ်မှာသူ့အစ်ကို အထုပ်ကို သိမ်းလိုက်တယ်လို့ ပြောတာ.... ကြည့်ရတာ ဒီစားပွဲရဲ့ အံ့ဆွဲထင်တယ်..... ကျွန်မ ဖွင့်ကြည့်လိုက်မယ်နော်......"

စက် သူမကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ ထို့နောက် အောက်ဆုံးထပ်က အံ့ဆွဲကို ဖွင့်လိုက်တဲ့ သူမအနားမှာ သူပါ ၀င်ထိုင်လိုက်သည်။

အံ့ဆွဲထဲမှာရှိနေသည့် စာရွက်တွေဖိုင်တွေကို ရှင်မွေ့ ဆွဲထုတ်ပစ်လိုက်ပြီး ကောင်းစက်မဟာ ဖွက်ထားမည့် ဆေးခြောက်ထုပ်ကို အလျင်အမြန် ရှာဖွေနေမိသည်။

A4 စာရွက်တွေရဲ့ အောက်ဆုံးမှာရှိနေတဲ့
အထုပ်ငယ်လေးကို မြင်လျှင် ရှင်မွေ့ ချက်ချင်းယူလိုက်ပြီး အိတ်ကို ဖွင့်ကြည့်လိုက်သည်။

အိတ်ထဲမှ ထွက်လာသည့်အရာတွေက သူမထင်ထားသလိုမျိုး marijuana (ဆေးခြောက်) တွေဖြစ်နေလျှင် ရှင်မွေ့  သက်ပြင်း ခပ်လေးလေးတစ်ချက်ကို ချလိုက်မိသည်။

စက်မဟာတည်ကို လှမ်းကြည့်လိုက်တော့ သူမလက်ထဲမှ ဆေးခြောက်ထုပ်ကိုပဲ မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

"စက်မဟာတည်..... ရှင် ဘယ်လိုဆက်လုပ်မှာလဲ ..... "

"ကောင်းစက်ကို ဒီနေ့ကစပြီး အပြင်ထွက်ခွင့် ပိတ်လိုက်တော့မယ်......အဲ့ဆေးခြောက်ထုပ် ငါ့ကိုပေးပါ ရှင်မွေ့ဖြူ.... "

စက်မဟာတည်ရဲ့ လက်ထဲသို့ ရှင်မွေ့ ဆေးခြောက်ထုပ်ကို ထည့်ပေးလိုက်သည်။

စက်မဟာတည်က ဆေးခြောက်ထုပ်ကို ယူပြီးတာနဲ့ ချက်ချင်းထထွက်သွားတာကြောင့် ရှင်မွေ့လဲ သူ့နောက်ကို လိုက်ရသည်။

*

"ကောင်းစက်မဟာ...."

"ဗျာ.....ဒယ်ဒီ "

"ဒယ်ဒီနဲ့ စကား ခဏလောက်ပြောရအောင်.... "

"ဟုတ်ဒယ်ဒီ "

♥️ Extraordinary Marriage ♥️Where stories live. Discover now