♥️ အပိုင်း 42 ♥️

12K 598 7
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 42 ♥️

"ဒီဟာက ကလေးလေးလားဟင် မာမီ...."

ကောင်းစက် Ultrasound ပုံလေးကို ကိုင်ပြီး ကလေးလို့ သူ ထင်နေသည့်  အရာလေးကို လက်ညှိုးနဲ့ထောက်ပြီး မာမီ့အား မေးလိုက်မိသည်။

သားကြီး လက်ထောက်ထားတဲ့ နေရာလေးကို ရှင်မွေ့  လှမ်းကြည့်ပြီးနောက် သားကြီးအား ပြုံးပြကာ ခေါင်းလေးငြိမ့်ပြလိုက်သည်။

"ဟုတ်တယ် သားရဲ့ .... အခုမှ 5 ပတ်ပဲ ရှိသေးတဲ့ သားတို့ ၃ယောက်ရဲ့ အငယ်လေး ...."

မာမီ့စကားကိုကြားပြီး သူလက်ထောက်ထားတဲ့ နေရာလေးကို ပြန်ကြည့်ကာ ကောင်းစက် ကြည်နူးစွာပြုံးလိုက်မိသည်။

"မာမီ ဒီတစ်ခါတော့ သားတို့ကို ညီမလေး မွေးပေးမှာမလားဟင်...."

သူမလက်မောင်းထဲကို ခေါင်းလေးတိုး၀င်ပြီးရောက်လာသည့် သားလေးမင်းစက်အား ရှင်မွေ့  နှာခေါင်းလေးရှုံ့ကာ ပြုံးပြလိုက်မိသည်။

"မာမီလဲ ညီမလေးမွေးပေးချင်တာပေါ့ သားရဲ့ ..... ဒါပေမဲ့ အတိအကျကြီးတော့ ကြိုပြောလို့ မရဘူးပေါ့.... ညီမလေးဖြစ်ပါစေလို့ပဲ မာမီတို့ အများကြီးဆုတောင်းကြတာပေါ့ မဟုတ်ဘူးလား ..."

သားရဲ့ ပါးဖောင်းဖောင်းလေးကို ရှင်မွေ့ ခပ်ဖွဖွလေးညှစ်ပြီး ပြောလိုက်တော့ သားလေးက ပါးလုံးလေးတွေ မို့တက်တဲ့အထိ သူမအား ပြုံးပြလာလေသည်။

ကိုကို 1 ကိုင်ထားတဲ့ ဘေဘီလေးရဲ့ ပုံလေးကို ခွန်းစက် စူးစူးစိုက်စိုက်လေး ကြည့်ပြီးတဲ့နောက် မာမီ့ကိုမေးခွန်းထုတ်ဖို့အတွက် ပြင်ဆင်လိုက်သည်။ 

"မာမီ "

"ရှင် ...."

"ဘေဘီလေးကလေ ထူးဆန်းတယ်နော် မာမီ ....."

သူမသား အငယ်ဆုံးလေး ခွန်းစက်ရဲ့ အပြောကြောင့် ရှင်မွေ့ မျက်ခုံးတန်းတို့ ပင့်တက်သွားရသည်။

"ဘာကို ထူးဆန်းလို့လဲ သား...."

"သားသားမြင်ဖူးတဲ့ ဗိုက်ထဲမှာရှိနေတဲ့ဘေဘီလေးတွေက ဒီလိုမျိုး မဟုတ်ဘူး မာမီရဲ့  ..... အခု သားသားတို့ရဲ့ ဘေဘီလေးပုံစံက ပဲစေ့လောက်လေးပဲရှိနေတယ်....ဆံပင်တွေ၊ မျက်လုံးတွေလဲ မရှိဘူး.... နှာခေါင်းရယ်၊ နှုတ်ခမ်းရယ်နဲ့ နားရွက်တွေရောပဲ.... ပြီးတော့ ခြေထောက်နဲ့ လက်တွေလဲ ကျန်သေးတယ်.... အဲ့တာက ပြဿနာ မဖြစ်နေဘူးလား မာမီ ..... သားသားတို့ ဘယ်လိုလုပ်ကြမလဲ .... "

♥️ Extraordinary Marriage ♥️Where stories live. Discover now