♥️ အပိုင်း 11 ♥️

16.6K 820 26
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 11 ♥️

သူ့ကိုကျောပေးပြီး ဘေးတစ်စောင်းလေး အိပ်ပျော်နေတဲ့ သူမကို စက် ငဲ့ကြည့်ပြီး အိပ်ရာပေါ်မှ အသာထလိုက်သည်။

ထို့နောက် လေသာဆောင်ဆီကို ထွက်လာခဲ့မိသည်။

ရင်ထဲမှာ ပူနေတာကြောင့် စက် ဘယ်လိုမှ အိပ်လို့မပျော်ခဲ့။ မနက်ဖြန်ကို ရင်ဆိုင်ရမှာလဲ ၀န်လေးနေမိသည်။

သူ့ဘ၀မှာ ပြဿနာမျိုးစုံကို ရင်ဆိုင်ရတဲ့အချိန်တိုင်း တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနိုင်ခဲ့သည်ချည်းသာ။ အခုလိုစိုးရိမ်ထိတ်လန့်နေရသည့် ခံစားချက်ဆိုတာ သူ့အတွက်တော့ ပထမဆုံးပင်။

ရှင် အဖေတစ်ယောက်လုပ်နေပြီးတော့ တကယ် ဘာကိုမှ မသိဘူးလား..... အနည်းဆုံးတော့ အရွယ်ရောက်စပြုနေတဲ့ ကိုယ့်သားသမီး ဘယ်သူတွေနဲ့ အပေါင်းအသင်းလုပ်နေလဲဆိုတာလောက်တော့ ရှင်သိထားသင့်တယ်လေ....

သူမပြောခဲ့သည့် စကားတွေကိုပြန်ကြားယောင်မိတော့ စက် သက်ပြင်းရှည်တစ်ချက်ချမိကာ မျက်နှာကို လက်ဖြင့် ပွတ်လိုက်မိသည်။

သူမပြောလဲ ပြောချင်စရာပင်။ သူက တကယ်ကို အရည်အချင်းမရှိသည့် အဖေတစ်ယောက်ဖြစ်နေမှန်း စက် အခုမှ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတော့သည်။

လိုအပ်တာအကုန်ဖြည့်ဆည်းပေးရုံနဲ့ သားတွေအပေါ်မှာ အဖေတစ်ယောက်ရဲ့တာ၀န်ကျေပြီလို့ စက်ကောင်းကောင်းကြီး ထင်မှတ်ခဲ့မိသည်။

မနက်ဖြန်ကို ဘယ်လိုရင်ဆိုင်ရမလဲ။ အဖေတစ်ယောက်အနေနဲ့ သားကြီး ကောင်းစက်ကို လမ်းမှန်ပေါ်ရောက်အောင် ဘယ်လိုပြန်ဆွဲတင်ရမလဲ။ သားကို နားလည်လက်ခံလာအောင် ဘယ်လိုဖြောင်းဖျပြောဆိုရမလဲ။ စတဲ့ အတွေးပေါင်းများစွာနဲ့ စက် နှလုံးသားဟာ မွန်းကြပ်ဆို့နင့်လာရသည်။

"စက်မဟာတည်...."

သူမအသံကိုကြားလိုက်တာကြောင့် စက် လှည့်ကြည့်လိုက်တော့ သူမက အိပ်နေရာမှနိုးလာဟန် ကပိုကရိုပုံစံလေးဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now