♥️ အပိုင်း 66 ♥️

7K 460 18
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 66 ♥️

WIMO စာမေးပွဲမှာ ချန်ပီယံမဖြစ်ခဲ့ပေမယ့် သူရည်မှန်းထားသလိုမျိုး ရွှေတံဆိပ်ကို ကောင်းစက် အရယူနိုင်ခဲ့သည်။ လတ်တလောမှာတော့ စာမေးပွဲ မရှိတော့မှာမို့ ကောင်းစက် ညီလေးတွေရယ်၊ ညီမလေးရယ်နဲ့ သူ့ရဲ့ အားလပ်ရက်တွေကို အတူတူ ကုန်ဆုံးနေမိသည်။

" ရွှေစွန်ညို . . .ဘာကို လိုလို့ ဝဲပါတယ်..."

" မယ်ထွေးလိုလို့ ဝဲပါတယ်..."

"မယ်ထွေးမပါ .. ဒို့ချည်းသာ....."

"ပါ ပါလျက်သား.. နောက်ကထား....."

"မယ်ထွေးအသား ခါးလှတယ်...."

"တွင်းငယ်ရေနဲ့ ဆေးပါ့မယ်...."

"တွင်းငယ်ရေ နွေမှာခမ်း...."

"ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်...."

"ချောင်းငယ်ရေ နွေမှာခမ်း ...."

"မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်....."

"မြစ်ငယ်ရေ နွေမှာခမ်း...."


"ပင်လယ်ရေနဲ့ ဆေးပါ့မယ်...."

"ပင်လယ်ရေ နွေမှာခမ်း....."

"ပင်လယ်ရေ ဘယ်မခမ်း... မယ်ထွေး အမိဖမ်း......"

ကောင်းစက် နဲ့ မင်းစက်တို့ညီအစ်ကိုမှာ သူတို့မာမီ သင်ပေးထားတဲ့ ရွှေစွန်ညို ကဗျာကို ဆိုပြီးတဲ့နောက် ရွှေစွန်ညိုလေး မင်းစက်မှာ ဟိုးနောက်ဆုံးမှာရှိနေတဲ့ မယ်ထွေးလေး Fluffy ကို လိုက်ဖမ်းဖို့ လုပ်တော့သည်။

ခေါင်းဆောင် ကောင်းစက်မှာလဲ အငယ်ဆုံးလေးယွန်းစက်ကို ချီထားရတာကြောင့် ထုပ်ဆီးတိုးသလို လက်နဲ့မကာပေးနိုင်ပေမယ့် မယ်ထွေးလေး Fluffy ကိုရော၊ မယ်ထွေးလေးရဲ့ရှေ့၊ သူ့ရဲ့နောက်မှာ ရှိနေတဲ့ ခွန်းစက်ကိုပါ သူတတ်နိုင်သမျှ ကာကွယ်ပေးထားရသည်။

"ရွှေစွန်ညိုကြီး လာပြီနော် .... "

"မမ် မမ် မမ် ၀ူး......"

♥️ Extraordinary Marriage ♥️Dove le storie prendono vita. Scoprilo ora