♥️ အပိုင်း 63 ♥️

6.9K 496 16
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 63 ♥️

Dream Production ဆိုတဲ့ ကုမ္ပဏီကြီးကို ကြည့်ပြီး ရှင်မွေ့ ဖွဖွလေး ပြုံးလိုက်မိသည်။

"မာ မာ ၀ူ ၀ူး "

သူမရင်ခွင်ထဲမှာ သိုင်းပိုက်ထားသည့် သမီးဆီမှ အသံလေးထွက်လာလျှင် ရှင်မွေ့ သမီးကို ငုံ့ကြည့်ပြီး ပြုံးလိုက်မိသည်။

"ဟုတ်တယ်နော် ..... ဒယ်ဒီရဲ့ ကုမ္ပဏီကို မာမီတို့ရောက်လာတာ.....အထဲ၀င်ကြမယ်နော် သမီး......"

"ပါ ပါ ပါ ပါး..... ဒူ ဒူ ဒူ ဒူး....."

"အာအီးဂူး .... မာမီ့အသည်းပေါက်လေးက ပျော်နေတာ...."

အထဲ၀င်မယ်ဆိုတာနဲ့ သမီးကပျော်နေတာကြောင့် ရှင်မွေ့ သဘောကျစွာ ပြုံးလိုက်မိပြီး ကုမ္ပဏီထဲ၀င်လိုက်သည်။

Reception ဆီရောက်တော့ စက် ဆီကို ပထမဆုံးရောက်တဲ့အခေါက်က တွေ့ဖူးခဲ့တဲ့ ကောင်မလေး ၂ယောက် မဟုတ်တော့ချေ။ အခု ၂ယောက်က သူမကို စက်ရဲ့ ဇနီးဟု မသိလောက်ပေ။

"ဘာများကူညီပေးရမလဲရှင့်....."

"ဟိုလေ ညီမလေး ... အစ်မက ဇာတ်ညွှန်းအရွေးခံရလို့ ရောက်လာတာပါ.....အဲ့တာ ဘယ်ကို သွားရမလဲဟင်....."

"အာ..... အဲ့တာက ဟိုဘက်အဆောက်အအုံဆီ သွားရမှာပါ အစ်မ...ဇာတ်ညွှန်းရွေးပွဲက အဲ့ဒီအဆောက်အအုံ အသေးလေးမှာ လုပ်မှာပါ......"

"အာ.... ဟုတ် ကျေးဇူးနော်ညီမလေး...."

"ဟုတ်ကဲ့ရှင့်......."

ဘေးက အဆောက်အအုံဆီသွားရမှာဆိုတော့လဲ ရှင်မွေ့  ပြန်ထွက်လာခဲ့လိုက်သည်။

"မာ မာ မာ မား....."

"ဒီနေရာမဟုတ်ဘူးတဲ့ သမီးရဲ့ ..... မာမီတို့က ဟိုဘက်ကို သွားရမှာ....."

"ဒါ ဒါ ဒါ ဒါး ....."

"အွန်း ဟုတ်တယ် ဒယ်ဒီက ဒီမှာရှိတာနော်..... မာမီတို့ ပြီးကျမှ ဒယ်ဒီ့ဆီကို သွားမယ်လေ.......အခုမာမီ့ဇာတ်ညွှန်းကိစ္စအတွက် အရင်သွားရအောင်....အချိန်က နီးနေပြီသမီးရဲ့ ....."

ရှင်မွေ့ ချော့ပြီးပြောပေမယ့် သူ့အဖေဆီမသွားရတာကို သိ၍လား မပြောတတ်.... သမီးရဲ့ မျက်နှာလေးက ရှုံ့မဲ့သွားလေသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now