♥️ အပိုင်း 91 ♥️

7.2K 507 32
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 91 ♥️

"အားးးး ..... တကယ်မရတော့ဘူး ကောင်းစက်ရဲ့ ..... ငါ့ဦးနှောက်က တကယ်မခံနိုင်တော့ဘူး........"

"အခုမှ စာလုပ်တာ တစ်နာရီတောင် မပြည့်သေးတာကို.... ဘာကို မခံနိုင်တာလဲ ......"

အသားတွေနဲ့ပြည့်နေတဲ့ မျက်နှာလေးကို ရှုံ့မဲ့ပြီး ပြောလာသည့် ဖောင်းဖောင်းကို ကောင်းစက် မျက်မှောင်ကျုံ့ကာ ကြည့်လိုက်မိသည်။

"ဒါပေမဲ့ စာတွေကအရမ်းခက်တယ် ကောင်းစက်ရဲ့ .....  ငါ့ခေါင်းကနေ အငွေ့တွေ ထွက်လာတော့မလိုတောင် ခံစားရတယ်......."

"အန်တီသိမ့်ပြောတော့ နင်က အိမ်မှာဆို စာကို သုံးလေးနာရီလောက် လုပ်တာဆို...... အခုမှ ခဏလေးပဲ ရှိသေးတာကို ဘယ်လိုဖြစ်ပြီး ညည်းညူနေတာလဲ..... လူကြားမကောင်းအောင်လို့ ......"

"ငါအိမ်မှာ သုံးလေးနာရီ စာလုပ်တယ်ဆိုတာက ဒီလိုဆက်တိုက်ကြီး လုပ်တာမဟုတ်ဘူးလေ ကောင်းစက်ရဲ့ ..... စာလေးခဏကြည့်လိုက် ရေသောက်လိုက် မုန့်စားလိုက် လမ်းလေးခဏလျှောက်လိုက်နဲ့ဆိုတော့ လုပ်နိုင်တာပေါ့......"

အဲ့တော့မှ ကောင်းစက်မှာ အခြေအနေကို သဘောပေါက်တော့သည်။ အန်တီသိမ့်ပြောတဲ့ စာလုပ်တယ်ဆိုတဲ့ သုံးလေးနာရီမှာ ဖောင်းဖောင်း စာကို တကယ်တမ်း ပြည့်ပြည့်၀၀လုပ်တာက မိနစ် ၃၀ ရှိရင်ကို ကံကောင်းပင်။

"ခဏလောက်လေး နားလို့မရဘူးလားဟင် ကောင်းစက်....."

"မရဘူး ..... စာမေးပွဲက ဒီလောက်နီးနေပြီဟာကို ဘာကိုနားချင်သေးတာလဲ.....အခု နင့်ကို တွက်ခိုင်းထားတဲ့ ပုစ္ဆာတွေက အလွယ်ဆုံးဟာတွေနော်...... ဒီထက် ခက်တဲ့ဟာတွေအများကြီး ကျန်သေးတယ်..... ပြီးရင် Grammar exercise တွေလဲရှိသေးတယ်....."

"ဖြည်းဖြည်းချင်း...... ဖြည်းဖြည်းချင်းပဲ ငါတို့ သွားလို့မရဘူးလားလို့ ကောင်းစက်ရယ်......နင့်ဦးနှောက်နဲ့ ငါ့ဦးနှောက်က မတူဘူးလေ....... နင်က စာဆို တစ်ချက်ကြည့်ရုံနဲ့တင် မှတ်မိတဲ့ ဥာဏ်ကြီးရှင်ဆိုတော့ ဘာမှမဖြစ်ပေမယ့် ငါကျတော့ ဥာဏ်မကောင်းဘူးလေ......."

♥️ Extraordinary Marriage ♥️Where stories live. Discover now