♥️ အပိုင်း 36 ♥️

11.6K 618 11
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 36 ♥️

ကျောင်းရဲ့ Founder ၊ ကျောင်းအုပ်၊ အတန်းပိုင်ဆရာမနဲ့ ဟိုကလေးအမေဆီမှ
သူမ တောင်းဆိုတဲ့အတိုင်း တသွေမသိမ်းတောင်းပန်ပါ့မယ်ဆိုတဲ့ ကတိစကားကို ရရှိပြီးတဲ့နောက် ရှင်မွေ့ သားလေးတွေကို ခေါ်ကာ စက်နဲ့အတူ အိမ်ပြန်လာခဲ့သည်။

ကားက နှစ်စီးဖြစ်နေတာကြောင့် စက်က ရှေ့က မောင်းပြီး သူမကတော့ စက်ရဲ့ ကားနောက်ကနေပဲ လိုက်လာခဲ့သည်။

အိမ်ပြန်ရောက်တော့လဲ ရှင်မွေ့မှာ နံရိုးနှပ်ကို မချက်နိုင်သေးဘဲ Supermarket က ၀ယ်ခဲ့တာတွေ အားလုံးကို ကြီးကြီးမြလက်ထဲပဲ ၀ကွက်အပ်လိုက်ရသည်။

စက်ကိုတော့ သားလေး ခွန်းစက်နဲ့ Fluffy လေးတို့အား မုန့်ကျွေးပေးဖို့ပြောပြီး သူမကတော့ မင်းစက်လေးကိုချီပြီး အပေါ်ထပ်မှ အခန်းလေးဆီ ခေါ်သွားလိုက်သည်။

ဒီနေ့ဖြစ်ရပ်ကို သားက တော်တော်လေး လန့်သွားမှာဖြစ်တဲ့အတွက် ရှင်မွေ့ သားရဲ့ အိပ်ရာလေးမှာ သားနဲ့ အတူ၀င်လှဲပြီး သားကို ချော့သိပ်နေမိသည်။

"မာမီ.... သား မာမီ့ကို ပြောစရာရှိတယ်...."

သားက သူမရင်ခွင်ထဲကနေ မျက်နှာလေးမော့ပြီး ပြောလာလျှင် နဖူးပေါ် ၀ဲကျနေတဲ့ သားရဲ့ဆံပင်လေးတွေကို ရှင်မွေ့ အသာသပ်တင်ပေးလိုက်ပြီး 'ပြောလေသားရဲ့ ' ဆိုသော အဓိပ္ပါယ်ဖြင့် သားကို ခေါင်းလေးငြိမ့်ပြလိုက်သည်။

"မာမီ့ကို ဘာပြောချင်လို့လဲ သား....."

"ဒီနေ့ မာမီပြောသွားတဲ့ထဲက ကျောင်းတွင်းအနိုင်ကျင့်မှုလေ......"

"အွန်း ဘာဖြစ်လဲ သား ....."

"သားလဲ အရင်က အဲ့လို အနိုင်ကျင့်မှုမျိုး လုပ်ခဲ့မိတယ် ထင်တယ်မာမီ ..... သားရဲ့ စိတ်ထဲမှာတော့ အဲ့အချိန်တုန်းက အနိုင်ကျင့်တယ်လို့ မထင်ခဲ့ပေမယ့် တကယ်တမ်း တွေးကြည့်တော့ အဲ့တာက အနိုင်ကျင့်တာဖြစ်ခဲ့တယ် ထင်တယ်....."

သားလေးပြောတဲ့ အကြောင်းအရာကို အရင်မှတ်ဥာဏ်တွေထဲ ရှင်မွေ့ ပြန်လည်တူးဖော်လိုက်မိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now