♥️ အပိုင်း 20 ♥️

17.2K 811 32
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 20 ♥️

"စက်မဟာတည် .... ကျွန်မတို့လေ ခွန်းစက်ရယ်၊ မင်းစက်ရယ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု လုပ်သင့်ပြီ မထင်ဘူးလား ......"

ရှင်မွေ့ ထိုသို့ပြောလိုက်တော့ စက်မဟာတည်က သူ့ရဲ့ ကုတ်အင်္ကျီကို ချွတ်ရင်းနဲ့ သူမအား တစ်ချက်လှမ်းကြည့်လာလေသည်။

"ဘယ်ဟာကို လုပ်ရမှာလဲ....."

"အဲ့ဒီ နမ်းလိုက်တာနဲ့ ညီမလေးရမယ်ဆိုပြီး အထင်မှားနေကြတာကိုလေ..... အခုချိန်မှာ ကလေးတွေကို sex education အကြောင်းလဲ သွားပြောလို့မရသေးဘူး .....ပြီးတော့ သူတို့လေးတွေကိုကြည့်ရတာ နောက်ထပ် အငယ်လေး ထပ်လိုချင်နေတဲ့ပုံပဲ......အထူးသဖြင့် ခွန်းစက်ပေါ့ ..... ကြည့်ရတာ သူ့အစ်ကိုတွေကို အားကျပြီး သူပါ အစ်ကိုကြီး ဖြစ်ချင်နေပုံပဲ ....."

စက် သူမစကားကြောင့် သားလေးတွေနဲ့ ပတ်သက်ပြီး အလေးအနက်တွေးမိသွားရသည်။

ဒါပေမဲ့ သားတွေလိုချင်နေတဲ့ ညီမလေးဆိုတာက အခုချက်ချင်းလုပ်ရင် ချက်ချင်းရလာတဲ့ဟာမျိုးမှ မဟုတ်တာ။

ပြီးတော့ သူမနဲ့ကလဲ အဆင့်တွေကို အခုမှ တစ်ဆင့်ချင်းတက်ဖို့ စက်ဘက်က ပြင်ဆင်နေတာကို။

"စက်မဟာတည်..... ကျွန်မပြောတာကိုနားထောင်နေလား......"

"ဟင်..... အွန်း မင်း ဘာပြောလိုက်တာလဲ....."

"ကြည့် တွေ့လား ...... ကျွန်မပြောတာကို နားမထောင်ဘဲ ရှင်တစ်ယောက်ထဲ အတွေးနွံထဲနစ်နေတယ်....."

"သားတွေအကြောင်းတွေးမိသွားလို့ပါ..... ကိုယ့်ကို ဘာပြောလိုက်တာလဲ ...."

"ကလေးတွေကို Pet လေး တစ်ကောင်လောက်ဖြစ်ဖြစ် မွေးပေးလိုက်ရအောင်လားလို့ ပြောတာ ..... ခွေးလေးဖြစ်ဖြစ် ၊ ကြောင်လေးဖြစ်ဖြစ်ပေါ့ ...... "

"Pet လေး မွေးမယ်ဟုတ်လား....အွန်း အဲ့အကြံ မဆိုးတော့ မဆိုးဘူးပဲ ..... ဒါဆို ဘာကောင်လေးမွေးချင်လဲဆိုတာ ကလေးတွေကို အရင်မေးကြည့်ကြတာပေါ့......"

"အိုကေ ....."

သူ့ကို ပြုံးပြီး လက်ညှိုးရယ် လက်မလေးရယ်နဲ့ အိုကေဆိုပြီး အ၀ိုင်းလေးလုပ်ပြလာသည့် သူမကို စက်ကလဲ ပြန်ပြီး ပြုံးပြလိုက်မိသည်။

♥️ Extraordinary Marriage ♥️जहाँ कहानियाँ रहती हैं। अभी खोजें