♥️ အပိုင်း 80 ♥️

7.4K 484 21
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 80 ♥️

သူ့ရင်ခွင်ထဲ တိုး၀င်လာသည့် ရှင်မွေ့ရဲ့ နွေးအိနေတဲ့ ကိုယ်လုံးလေးကို မြဲမြံတဲ့ လက်တစ်စုံဖြင့် စက် သိုင်းဖက်ကာ မျက်နှာလေးအနှံ့ကို ခပ်ဖွဖွ နမ်းရှိုက်လိုက်သည်။

"စက်......"

"ဟင်....."

"မနက်ဖြန် Blessing စပြရင်လေ အဆင်​တော့ ပြေမှာပါနော်......."

"ပြေမှာပါ ရှင်မွေ့ရဲ့ ..... Rating ကအနည်းဆုံး ဂဏန်း ၂လုံးကနေ စမှာ ကိုယ်သေချာပေါက် သိနေတယ် ....."

"ဂဏန်း ၂လုံးအထိတော့ မမှန်းရဲသေးပါဘူး စက်ရယ်...... ရှင်မွေ့ရဲ့ ပွဲဦးထွက်ဆိုတော့ အပိုင်း 1 လေးက 7% လောက်ရရင်ကို ကျေနပ်ပါပြီ ......"

"ရှင်မွေ့က ကိုယ်ပြောတာကို မယုံဘူးလား ...... ကိုယ်က စီးပွားရေးသမားဆိုပေမယ့် ဒီလောကရဲ့အကြောင်းကို နောကြေနေပြီ..... ကိုယ်က အောင်​မြင်မယ်လို့ ပြောရင် ကျိန်းသေပေါက် အောင်မြင်မှာ ..... ကိုယ်က Rating ကို အနည်းဆုံး 10% က စမှာလို့ ပြောရင် ကျိန်းသေပေါက် 10% ရကိုရမှာ...... ဒါတောင် ကိုယ် အနည်းဆုံးကို လျှော့ပြီး ပြောထားတာနော်.....

ဒီနေ့ Press Conference မှာရခဲ့တဲ့ တုံ့ပြန်မှုတွေက ဘယ်လောက်တောင် ကောင်းလိုက်လဲ ..... ကိုယ်ပြောတာကို ယုံ.... အပိုင်း 1 ကနေ နောက်ဆုံးဇာတ်သိမ်းပိုင်း 16 အထိ အားလုံး အဆင်ပြေမှာ...... ကိုယ့်မိန်းမ ဒီလောက်အားစိုက်ထုတ်ပြီး ရေးထားတာကိုမှ မအောင်မြင်ဘူးဆိုရင်လေ ဘယ်ဇာတ်လမ်းမှ အောင်မြင်မှာကို မဟုတ်တော့ဘူး......"

ကိုယ့်ငါးချဥ် ကိုယ်ချဥ်နေတဲ့ အဆင့်မဟုတ်တော့ဘဲ ငါ့ငါးချဥ်မှ မချဥ်ရင် ဘယ်ငါးချဥ်မှ မချဥ်တော့ဘူးလို့ ပြောနေတဲ့ စက်ကို ကြည့်ပြီး ရှင်မွေ့ သဘောကျစွာရယ်လိုက်မိသည်။

ဒီယောကျာ်း အနားမှာရှိနေလို့ သူမမှာ ဘယ်လောက်တောင် အားအင်တွေရှိရလဲဆိုတာ ရှင်မွေ့ စကားနဲ့ပင် မဖော်ပြတတ်ပါ။

ထို့ကြောင့် သူမဘ၀ရဲ့ အားကိုးတွယ်တာရာ အိမ်ထောင်ဦးစီးကြီးကို ရှင်မွေ့ ချစ်မ၀ခြင်းများစွာဖြင့် ခေါင်းလေးမော့ကာ နမ်းလိုက်မိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now