♥️ အပိုင်း 14 ♥️

16.7K 767 15
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 14 ♥️

"စက်မဟာတည်..... ရှင့်ရဲ့ ဖုန်းနံပါတ် ကျွန်မကိုပြောဦးလေ ..... Contact ထဲ ကျွန်မ တစ်ခါထဲထည့်မို့ ...... ကလေးတွေရဲ့ ဖုန်းနံပါတ်လေးတွေတော့ မှတ်ပြီးသွားပြီ ....."

မျောက်မလေး အုန်းသီးရသလို အခုချိန်ထိ ဖုန်းကို လက်ကမချနိုင်သေးတဲ့ သူမလေးကို ကြည့်ပြီး စက် ပြုံးလိုက်မိကာ သူ့ဖုန်းနံပါတ်ကို ရွတ်ပြလိုက်သည်။

"အိုကေ....wow ရှင့်ဖုန်းနံပါတ်က တကယ်လှတာပဲ .... နံပါတ်အလှဆိုတော့ စျေးကြီးမှာပေါ့....."

"မင်းရော ငါ့လိုနံပါတ်မျိုး ကိုင်ချင်လို့လား....."

"မကိုင်ချင်ပါဘူး..... ကျွန်မ အရင်ဖုန်းအဟောင်းထဲက နံပါတ်ကလဲ အဆင်ပြေနေတာပဲဟာကို ..... နံပါတ်အသစ်မလိုပါဘူးနော်....."

"အဲ့တာဆိုလဲ ပြီးတာပဲ ..... "

စက် ညအိပ်ရာ၀င်ဖို့အတွက် ကိုယ်လက်ဆေးကြောရန် ရေချိုးခန်းထဲ ၀င်ဖို့ လုပ်ပြီးမှ သူမ သူ့ကို contact ထဲမှာ ဘယ်လိုမှတ်ထားလဲဆိုတာ သိချင်သွားရသည်။

"ဒါနဲ့ မင်းငါ့ကို contact ထဲမှာ ဘယ်လိုမှတ်လိုက်လဲ ....."

"ဟင်.... ဘယ်လိုမှတ်ရမှာလဲ..... စက်မဟာတည်လို့ပဲ မှတ်လိုက်တာပေါ့...... ဘာဖြစ်လို့လဲ ....."

သူမရဲ့ 'စက်မဟာတည်လို့ပဲ မှတ်လိုက်တာပေါ့' ဆိုသည့် စကားကြောင့် စက်ရဲ့ မျက်နှာ ရှုတည်တည်ဖြစ်သွားခဲ့ရသည်။

"ဘာလို့လဲ ..... ဘာလို့မေးတာလဲ....."

"ဘာမှမဟုတ်တော့ဘူး....."

"ဘာကို ဘာမှမဟုတ်တာလဲ စက်မဟာတည်.... ရှင် လူကိုသိချင်အောင်လုပ်ပြီးမှ အဲ့လို လျှောချလို့မရဘူးလေ......"

စက် သူမကို လျှစ်လျူရှုလိုက်ပြီး ရေချိုးခန်းထဲ၀င်လိုက်ကာ ရေကိုဖွင့်ချလိုက်သည်။ ထို့နောက် မျက်နှာသစ်ပြီး ပလုတ်ကျင်းနေတုန်းမှာပဲ ....

"ရှင်က contact ထဲမှာ ဘယ်လိုမှတ်စေချင်လို့လဲ..... ကျွန်မကို ပြောမှ ကျွန်မက သိမှာပေါ့လို့....."

♥️ Extraordinary Marriage ♥️Where stories live. Discover now