♥️ အပိုင်း 35 ♥️

11.1K 679 12
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 35 ♥️

သားလေးတွေတက်နေတဲ့ ကျောင်းရဲ့ Founder ကိုဇော်နိုင်က သူ့ဆီ ဖုန်းဆက်လာတာကြောင့် စက် အလုပ်တွေအားလုံးကို ဇာနည်နဲ့ ထားခဲ့ကာ ကားနဲ့ အမြန် ကျောင်းရှိရာဆီကို သွားနေမိသည်။

''ဆရာကတော်ရဲ့ ဒေါသကို နည်းနည်းလေးဖြေလျှော့ပေးဖို့အတွက် ကျောင်းကို ခဏလောက် လာပေးလို့ရမလား CEO စက် ´´ ဆိုတဲ့ ကိုဇော်နိုင်ရဲ့ စကားကြောင့် ဘာပြဿနာတွေများ ဖြစ်နေပြီလဲဆိုပြီး စက် တွေးမိကာ စိတ်ပူရသည်။

ကျောင်း၀န်းထဲသို့ရောက်တာနဲ့ စက် ကားကိုရပ်လိုက်ပြီး ကားပေါ်မှ အမြန်ဆင်းကာ ခြေလှမ်းကျယ်ကြီးတွေဖြင့် ကျောင်းထဲသို့ ၀င်လာမိသည်။

"အာ.... CEO စက် ရောက်လာပါပြီလားဗျ...."

စက် ကျောင်းထဲသို့ ၀င်၀င်ချင်းမှာပဲ သူ့ကို စောင့်နေခဲ့ဟန်ရှိသည့် ကျောင်းရဲ့ Founder ကိုဇော်နိုင်ကို မြင်လိုက်ရသည်။

ကိုဇော်နိုင်ရဲ့ နောက်မှာလဲ မျက်နှာပျက်ယွင်းနေကြတဲ့ ကျောင်းအုပ်နဲ့ ဆရာမဖြစ်ဟန်ရှိသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရတာကြောင့် စက် မျက်ခုံးတွေ ပင့်တက်သွားရသည်။

"ဘာကိစ္စဖြစ်လို့လဲ ကိုဇော်နိုင်.... ကျွန်တော့်ဇနီးကရော အခု ဘယ်မှာပါလဲ...."

"ဆရာကတော်က အခုကျောင်းအုပ်ရဲ့ ရုံးခန်းထဲမှာ ရှိပါတယ်....​ဟိုဟာလေ CEO စက် ... ပြောရရင် CEO စက်နဲ့ ကျွန်တော်ဆိုတာလဲ သိကျွမ်းလာခဲ့တဲ့ နှစ်တွေ မနည်းတော့ဘူး မဟုတ်လား .... CEO စက်က ကျွန်တော့်ရဲ့ ကျောင်းမှာ သားလေးတွေကို လာပြီး အပ်နှံခဲ့တုန်းကဆို ကျွန်တော် တကယ်ပဲ ၀မ်းသာခဲ့ရတာပါ....."

"လိုရင်းကိုပြောပါ ကိုဇော်နိုင်..... ကျွန်တော် အလုပ်တွေအကုန်ပစ်ထားပြီး
ဒီကိုလာခဲ့ရတာ.....ခုဏက ဖုန်းထဲမှာ ပြောခဲ့တဲ့ ကျွန်တော့်ဇနီးရဲ့ ဒေါသကို ဖြေလျှော့ပေးဖို့အတွက်ဆိုတာက ဘာ​ကိုပြောချင်တာပါလဲ....."

"အဲ့တာက လိုရင်းပြောရရင် ဒီနေ့မှာ ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းအုပ်နဲ့ အတန်းပိုင်ဆရာမက ခွင့်လွှတ်လို့မရတဲ့ အမှားတစ်ခုကို ဆရာကတော်နဲ့ သားလေးမင်းစက်အပေါ်မှာ လုပ်ခဲ့မိပါတယ်.... အဲ့ဒီအတွက် ကျွန်တော့်ဘက်က CEO စက်တို့ မိသားစုအပေါ်မှာ တကယ်ပဲ မျက်နှာမပြရဲအောင် ဖြစ်ရပါတယ်..... ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က CEO စက်တို့ မိသားစု ကျေနပ်တဲ့အထိ တောင်းပန်မှာပါ..... "

♥️ Extraordinary Marriage ♥️Where stories live. Discover now