♥️ အပိုင်း 51 ♥️

10.7K 556 8
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 51 ♥️

"ဖိုးဖိုးကြီး ရေချိုးပြီးသွားပြီလားဟင်....."

သူ့အနားကို ရောက်လာသည့် ​မြစ်လေးမင်းစက်ကို ကြည့်ပြီး ဦးမင်းထင် ပြုံးလိုက်မိသည်။

"ချိုးပြီးပါပြီကွ ..... ဘာလို့တုန်း မြေးရဲ့ ....."

(A/N : ကလေးတွေက ဦးမင်းထင်အတွက် မြစ်လေးတွေဆိုပေမယ့် စကားပြောမှာကျတော့ မြစ် ဆိုတဲ့ စကားလုံးက ပြောရတာထောက်နေလို့ မိုမို မြေးလို့ပဲ သုံးမယ်နော်.... )

"ဪ ဖိုးဖိုးကြီး ရေမချိုးရသေးဘူးဆိုရင် သားက ရေချိုးခိုင်းမို့ပါ ..... ဒီနေ့က အိမ်ကို ညီမလေး ရောက်လာမှာဆိုတော့ သားတို့အိမ်လေးရော အိမ်မှာရှိနေတဲ့ သူတွေရော အကုန်သန့်ရှင်းနေမှ ဖြစ်မှာမို့ပါ ဖိုးဖိုးကြီးရဲ့ ..... အဲ့တာကြောင့် သားရော ကိုကိုရော ခွန်းစက်ရော Fluffy ရောက အစောကြီး ရေတွေချိုးထားကြတာ...."

"ဟေ.....Fluffy လေးကိုပါ မြေးတို့က ​ရေချိုးခိုင်းထားတာလား....."

"Fluffy ပါ ရေချိုးမှ ဖြစ်မှာပေါ့ ဖိုးဖိုးကြီးရဲ့ ..... Fluffy လဲ ညီမလေးအနားကို ကပ်မှာပဲလေ......"

"ဟားဟား ဟုတ်ပါပြီကွာ..... အဲ့တော့ ဖိုးဖိုးကြီးက အခု ရေချိုးထားပြီးပြီဆိုတော့ ညီမလေးရောက်လာရင် အနီးကပ်ကြည့်လို့ရပြီပေါ့ ဟုတ်လား......"

"ဟီး ရပြီရယ်....."

သူ့အား ချစ်ဖို့ကောင်းစွာ ပြန်ဖြေလာသည့် မင်းစက်လေးကို ကြည့်ပြီး ဦးမင်းထင်တစ်ယောက် သဘောတွေကျသွားရသည်။

"မမမွှေးရေ .... ဒီဧည့်ခန်းထဲက ဆိုဖာပေါ် ကိုဖုန်လေးလာစုပ်ပေးပါဦး.....ဆိုဖာပေါ်မှာ ဖုန်လေးနည်းနည်းရှိနေသေးလို့ ......"

"လာပြီ လာပြီ ကောင်းစက်လေးရေ....."

မြေးကြီးကောင်းစက် ပြောလိုက်တာကြောင့် အိမ်ထဲမှ ကောင်မလေးတစ်ယောက်က လက်ထဲမှာ ဖုန်စုပ်စက်အသေးလေးကိုင်ပြီး အမြန်ထွက်လာလေသည်။

"ဒီနားနဲ့ ဟိုနားလေး မမမွှေး..... မာမီတို့က ရောက်လာရင် ဒီဆိုဖာပေါ်မှာ ထိုင်ကြမှာလေ....  ညီမလေးက အခုမှ ရက်သားလေးပဲရှိသေးတာဆိုတော့ အရမ်းနုနယ်သေးတယ်.... ဖုန်မှုန်လေးတစ်စက်တောင် ညီမလေးရဲ့ နှာခေါင်းထဲ ၀င်သွားလို့ မဖြစ်ဘူး......"

♥️ Extraordinary Marriage ♥️Where stories live. Discover now